တောင်ကိုရီးယားမင်းသမီး Jun Ji Hyun   ရဲ့ မိခင်ပီသလွန်းတဲ့ ပုံရိပ်ဟာဆိုရင် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ Jun Ji Hyun ဟာဆိုရင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ လန်ဒန်နိုင်ငံရဲ့ Fashion Week အတွက် အင်္ဂလန်ကို သွားရောက်ခဲ့တာဖြစ်ပါတယ် ။ Jun Ji Hyun ရဲ့ လေဆိပ်ဖက်ရှင်တွေဟာဆိုရင်လည်း ချက်ချင်းဆိုသလို လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ များစွာ ရရှိနေပါတယ်။ Jun Ji Hyun က mask တပ်ထားပြီး အသည်းပုံစံ ပြုလုပ်ထားတဲ့ လက်လေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ စိတ်ဝင်စားခံနေရပါတယ်။

Google

လေဆိပ် ဖက်ရှင် ပေါ့ပေါ့ပါးပါးလေး ဝတ်ထားတဲ့ Jun Ji Hyun ရဲ့ ဖုန်းကာဗာကို ပရိသတ်တွေက အရင်ဆုံး မြင်တွေ့ခဲ့တာဖြစ်ပါတယ်။ Jun Ji Hyun က ကလေး နှစ်ယောက်မိခင်ဖြစ်ပြီး သူမရဲ့ ကလေးလေးတွေက ပိုကီမွန်ဇာတ်ကောင်လေးတွေရဲ့ ပရိသတ်တွေ ဖြစ်ပါတယ်။ Jun Ji Hyun ရဲ့ဖုန်းကာဗာပေါ်က စတစ်ကာလေးကလည်း ပိုကီမွန် အရုပ်လေးဖြစ်တာကြောင့် Jun Ji Hyun ကို မိခင်ပီသလွန်းတဲ့သူအဖြစ် ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

Google
Google
Google

 “Jun Ji Hyun ရဲ့ ဖုန်းကာဗာပေါ်က အရုပ်လေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက Jun Ji Hyun ရဲ့ ကလေးလေးတွေကို လိုက်ရှာပြီးပြီ .. အသက် ၈ နှစ်နဲ့ ၆ နှစ် အရွယ်လေးတွေ .. Jun Ji Hyun က ငါ တို့လိုမျိုး အမေတစ်ယောက်ပဲ ,,”

Google

 “သူတို့နာမည်ကြီးတွေက ငါတို့လိုမျိုး မိဘတွေပါပဲ”

 “ငါ့ ကလေးတွေလည်း Pinkfong ကိုကြိုက်တယ်”

 “ပိုကီမွန်ကို ကလေးတွေ အရမ်းကြိုက်ကြတာ”

 “စတစ်ကာလေးတွေကိုကြည့်ပြီး သူ့ကို ပိုပြီးတောင် သဘောကျလာတယ်”

Google
Google

 “Jun Ji Hyun က ပိုကီမွန်ကိုကြိုက်တာ လည်း ဖြစ်နိုင်ပါတယ် .. သူတို့ကို ကြိုက်တဲ့ လူကြီးတွေလည်း ရှိတယ်လေ…ကလေးတွေကပ်ထားတာ ဖြစ်ချင်မှ ဖြစ်မှာပါ ...”

Google

တောင်ကိုရီးယားမင်းသမီး Jun Ji Hyun က ၂၀၁၂ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး ကလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။