မင်းသမီးချောလေး ကစ်ကစ်ဟာ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားအတွက် ရိုက်ကွင်းတွေ နေ့၊ ည(ညရိုက်ကွင်းတွေမှာလည်း) ဆက်တိုက် ရိုက်ကူးနေရလို့ ပင်ပန်းနေတယ်လို့ သိရပါတယ်။ သူမဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေးဇာတ်ကား ဖြစ်တဲ့ “ဇာတိမြေ” ဇာတ်ကားရိုက်ကူးဖို့ ဂျပန်နိုင်ငံသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ အခြားလူများ ဈေးဝယ်ထွက်နေကြပေမယ့် သူမက အလုပ်တွေ မအားတာကြောင့် Shopping mall တွေကို မြင်သာမြင်ရပြီး ဈေးဝယ်ချိန် မရလို့ မဝယ်ရသေးဘူးလို့ ဆိုပါတယ်။ သူမ အသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။

"ဒီနေ့တော့ အုပ်ထိန်းသူ မားသားနဲ့ ညီမတော်က ဈေးဝယ်ထွက်ကြတယ်။ ကိုယ့်မှာတော့ ရိုက်ကွင်းမှာ အို scene ပေါ့ကွယ်..။ နေ့ညတွေရိုက်ရက်ဆက်လို့ မျက်လုံးတွေကျနေလို့

snap chat filter နဲ့ရိုက်ရတဲ့ အခြေအနေပါကွယ်..။

Night scene ကလည်း ပါပြန်ပီတဲ့ လေ

ကိုယ်ရယ် director ရယ် စက်အဖွဲ့ရယ် ပဲကျန်ခဲ့ရတေ့ာတွေးရင်း

အမေတို့ ပျော်ပျော် ပါးပါး ဝယ်ကြပါ (မနာလိုသံဖြင့်)

မြို့ထဲလမ်းတွေထဲ ရိုက်ရင်လည်းshopping mall တွေသာငေးကြည့် ပြီး မြင်သာမြင်ရ မကြည်ရတဲ့ ဘွပါကွယ် ဝယ်ချိန်ကိုမရတာပါ

တောထဲရောက်နေသလိုပဲ ကိုယ်နဲ့ အတူတူ ရိုက်တဲ့ actors တွေ night scene မပါကြလို့အရေမရအဖတ်မရ ပွားရခြင်းဖြစ်ပါကြောင်း" ဟု ရေးသားထားပါတယ်။

“ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း နှင့် ဝတ်မှုံရွှေရည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ပရိသတ် အခိုင်အမာရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။