တစ်ချိန်က မော်ဒယ် ဘဝနဲ့ အနုပညာလောကထဲ ခြေလှမ်းစခဲ့တဲ့ မင်းသမီးဟောင်း စမိုင်းလ် တစ်ယောက် ပရိသတ်တွေနဲ့ မနေ့ညက သူမရဲ့လူမှုကွန်ရက်မှာ Live လွှင့်ခဲ့ပါတယ်။

အနုပညာအလုပ်တွေနဲ့ အဆက်သွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ မင်းသမီးချော စမိုင်းလ်ဟာ လက်ရှိအချိန်မှာ ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးကူညီလုပ်ကိုင်နေသလို သမီး(၂)ယောက်ရဲ့ မေမေဖြစ်နေပါပြီ။

၀၀ပြည့်ပြည့်လေးဖြစ်လာတဲ့ သူမကို ၀လို့ဆိုပြီး Body Shaming လုပ်တဲ့သူတွေကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် အပျိုလေးတစ်ယောက်လို နုပျိုသွက်လက်နေသေးတဲ့ စမိုင်းလ် ဟာ ပိန်ဖို့အတွက် Gym ကစားပြီး ၀ိတ်ချနေပေမယ့် ၀ိတ်မကျသေးဘူးလား စသဖြင့် ထိကပါးရိကပါး နှိမ်ချင်သလိုပြောခံရပါများလို့ အခုလို Live လွှင့်တာလို့ ဆိုပါတယ်။

ငိုလိုက်ရမှ ပေါ့သွားတယ်ဆိုတဲ့ စမိုင်းလ်တစ်ယောက် ပရိသတ်တွေကို ဘယ်လိုရင်ဖွင့်ပြီး ငိုထားလဲဆိုတာ ကြည့်လိုက်ပါဦး ။

ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတာတော့ သေချာပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ စမိုင်းလ်တို့ မိသားစုဟာ မကြာခဏဆိုသလို အလှုတန်းတွေ ပြုလုပ်လေ့ရှိပါတယ်။

၀လဲလှနေတယ်ဆိုတာပရိသတ်ကြီး အားပေးစကားပြောလိုက်ပါဥိး ။ 

Source : Smile fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။