တောင်ကိုရီးယားရဲ့ နာမည်ကြီး Blackpink အဖွဲ့ဝင် Lisa ဟာ အခုအချိန်မှာတော့ တောင်ကိုရီးယားကနေ ပဲရစ်မြို့ကို ထွက်ခွာလာခဲ့ပြီပဲ ဖြစ်ပါတယ်။အကြောင်းကတော့ သူမဟာ Celine Menwears Paris Fashion Week Show ကို တက်ရောက်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

Celine Menwears Paris Fashion Week Show ဟာ ဖေဖော်ဝါရီ (၁၀) ရက်နေ့၊ပဲရစ်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။Lisa ဟာ Celine ရဲ့ Global Ambassador တစ်ဦးဖြစ်တာကြောင့် အခုလို ပွဲတက်ဖို့ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။


မကြာသေးခင်မှာတော့ ပဲရစ်ကို ထွက်ခွာနေတဲ့ Lisa ကိုတွေ့မြင်ခဲ့ရပြီး ပရိသတ်တွေ သိပ်မမြင်ဖူးတဲ့ ပုံလေးနဲ့ တွေ့ရတာပဲ ဖြစ်ပါတယ်။Lisa ဟာ ချစ်စရာ Hair Style လေးနဲ့ တကယ့်ကို လှပနေပြီး သူမရဲ့ လက်ချောင်းတွေကအစ ပရိသတ်တွေ သတိထားမိအောင် ရိုးရိုးလေးနဲ့ လှနေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ လည်းသူမဘယ်လို ပုံမျိုးနဲ့ ပွဲတက်မလဲဆိုတာ အထူးစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ရိုးရိုးလေးနဲ့ လှနေတဲ့ Lisa ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။


Photos: Credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။