Honeypot (ပျားရည်အိုး) ပုရွက်ဆိတ်တွေကို သဘာဝပညာရှင် Henry Christopher McCook က ၁၈၈၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ကိုတော့ ကြီးမားတဲ့အစားသိုလှောင်ရုံ ကိုယ်တွင်းအင်္ဂါကြောင့် လူသိများကြပါတယ်။

ဒီပုရွက်ဆိတ်တွေကို ကမ္ဘာတဝှမ်း နေရာတော်တော်များများမှာ တွေ့နိုင်ပါတယ်။အများစုကတော့ မိုးနည်းသော ဒေသတွေဖြစ်တဲ့ မက္ကဆီကို၊ တောင်အာဖရိကနှင့် သြစတြေးလျတို့ နေရာမှာမျိုးမှာ ပိုပြီးနေထိုင်ကြပါတယ်။ အရွယ်အစားကြီးမားတဲ့ ဒီလို ပုရွက်ဆိတ်ကြီးတွေကိုတော့ ၎င်းတို့ရဲ့ အသိုက်အတွင်းမှာပဲ အဓိက တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြောင့် လမ်းလျှောက်ဖို့ တကယ့်ကို အခက်အခဲ ဖြစ်နေလို့ပါ။

ပြီးတော့ ပျားရည်အိုးပုရွက်ဆိတ်များဟာ အသိုက်အတွင်း အချိန်အကြာကြီးနေထိုင်ကြတာကြောင့် သားကောင်များရဲ့ဘေးမှ ကင်းဝေးကြပါတယ်။ပျားရည်အိုး ပုရွက်ဆိတ်များဟာ သကြားဓာတ်များတဲ့ အစာကို ပိုပြီးနှစ်သက်စွာ စားသုံးကြပါတယ်။ ဒါကြောင့် သူတို့ဟာ ပျားရည်နှင့် ပန်းဝတ်ရည်ကို မကြာခဏ သောက်သုံးလေ့ရှိကြပါတယ်။

ဒါပေမယ့် အချို့က သခွားမွှေးပင်များ အပါအဝင် အခြားသော အင်းဆက်များကို စားသုံးကြပါတယ်။ ပျားရည်အိုး ပုရွက်ဆိတ်များရဲ့ ခန္ဓာကိုယ်ရှိ ပျားရည်ကို သိုလှောင်တာဟာ အခြားသော အဖွဲ့ဝင်များအတွက် အစာထောက်ပံ့ပေးဖို့အတွက်ဖြစ်ပါတယ်။အရည်များများသောက်လေ သူတို့ရဲ့ ဝမ်းဗိုက်က ပိုကြီးလာလေဖြစ်ပါတယ်။ ဥပမာ - စပျစ်သီးအရွယ် အရှည် ¼ မှ ½ လက်မအထိ ကြီးနိုင်ပါတယ်။

သူတို့ကြိုက်နှစ်သက်တဲ့ ပျားရည်က ပုရွက်ဆိတ်တွေကို သန်မာပြီး ကျန်းမာစေတဲ့အပြင် တခြားအာဟာရဓာတ်တွေ အများအပြားကို ထောက်ပံ့ပေးပါတယ်။ပျားရည်အိုးပုရွက်ဆိတ်အချို့ကတော့ ရေကိုသိုလှောင်ရန် ၎င်းတို့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ဟာ ပူပြင်း‌ခြောက်သွေ့တဲ့ ရာသီကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ပါ။

အချို့လူတွေက ပျားရည်အိုး ပုရွက်ဆိတ်ကို ဖမ်းယူစားသောက်တာတွေရှိပါတယ်။ဘာကြောင့်ဆိုတော့ ပျားရည်တွေ သိုလှောင်ထားတဲ့ ပုရွက်ဆိတ်ရဲ့ အရသာက ဘာနဲ့မှမလဲနိုင်လို့ပါပဲ။ မြင်တာနဲ့တင် သွားရည်ကျသွားနိုင်လောက်တဲ့ ပျားရည်အိုးပုရွက်ဆိတ်ကို သင်ရော စားကြည့်ချင်လောက်မယ်လို့ ထင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။