မင်းသမီး Bella Ranee ဟာ ထိုင်းနိုင်ငံ အနုပညာလောကမှာ အောင်မြင်ကျော်ကြား နေတဲ့ ထိပ်တန်းမင်းသမီးတစ်လတ် ဖြစ်ပါတယ် ။ သူမဟာ နှစ်ရှည်လများ တွဲခဲ့တဲ့ ချစ်သူဟောင်း နဲ့ လမ်းခွဲပြီးနောက်မှာ ချစ်သူ အသစ်မထားဘဲ Single အဖြစ်ပဲ ရှေ့ဆက်ခဲ့ပါတယ် ။

Bella ဟာ တစ်နေ့ တစ်ခြား ပိုမိုလှပလာသလို အောင်မြင်မှုကလည်း တစ်နေ့ တစ်ခြား ကြီးထွား လာ ပါတယ်။ အနုပညာကြေး အမြင့်ဆုံး ထိုင်း မင်းသမီး စာရင်း မှာ ပါဝင် ပြီး International/ Local Brand အများအပြားနဲ့လဲ လက်တွဲ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။

ဒီနေ့မှာတော့ သူ့ရဲ့ Fan page တစ်ခုကနေ မြန်မာနိုင်ငံမှာ လာရောက်လည်ပတ်ခဲ့တဲ့ ပုံလေးတွေကိုပြန်လည်မျှဝေပေးထားပါတယ်။ Bella မြန်မာနိုင်ငံကို လာခဲ့ချိန်တုန်းကတော့ 2016 လောက်တုန်းကလာရောက်ခဲ့တာပါ။ မြန်မာအင်္ကျီလေးနဲ့ ကျက်သရေရှိပြီး လှပလွန်းနေတဲ့ Bella လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo crd & Source : Bella Ranee Myanmar Fan page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။