တောင်ကိုရီးယားထိပ်တန်းမင်းသမီးတွေဟာဆိုရင် ငွေကြေးအနေနဲ့ ချမ်းသာကြွယ်ဝကြပြီး ပိုင်ဆိုင်မှုအားဖြင့်လည်း မြင့်မားကြသူတွေ ဖြစ်ပါတယ်။ အဲဒီထဲကမှ ဝင်ငွေ အမြင့်ဆုံး ဈေး အမြင့်ဆုံးအဖြစ် သတ်မှတ် ခြင်းခံထားရတဲ့ တောင်ကိုရီးယားထိပ်တန်းမင်းသမီးတွေကို ဖော်ပြပေးသွားပါမယ်။

10. Shin-Min-ah  

Google

တောင်ကိုရီးယားမင်းသမီး Shin-Min-ah ဟာဆိုရင် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ SBS ရဲ့ ဒရမ်မာဖြစ်တဲ့ Beautiful Days နဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။  Shin-Min-ah က ၂၀၁၀ ခုနှစ်တုန်းက My Girlfriend is a Nine-Tailed Fox ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေ တခဲနက်ရရှိခဲ့ပါတယ် ။ Shin-Min-ah နောက်ဆုံးပါဝင်ရိုက်ကူးထားတဲ့ Our Blues ဇာတ်လမ်းဟာဆိုရင်လည်း ၂၀၂၂ခုနှစ် ၊ ဧပြီလ ၉ ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။

9. Park-Bo-young

Google

တောင်ကိုရီးယားမင်းသမီး Park-Bo-young ဟာဆိုရင်လည်း အသက် ၃၂ နှစ်အရွယ်ရှိနေပြီး ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၂၇၀၀၀ တန်ကြေး ရှိပါတယ်။ Park-Bo-young က A Warewolf Boy ၊ On Your Wedding Day ၊ Doom At Your Services နဲ့ ပရိသတ်တွေ ကြားမှာ နာမည်ကြီး လူသိများခဲ့ပြီး ၂၀၂၃ ခုနှစ်ရဲ့ ဝင်ဝေအကောင်းဆုံး ထိပ်တန်း မင်းသမီး ၁၀ ယောက်စာရင်းမှာ ပါဝင်ရပ်တည်လျက်ရှိပါတယ်။

8. Kim Tae Hee

Google

တောင်ကိုရီးယားမင်းသမီး Kim Tae-Hee ဟာဆိုရင် အကောင်းဆုံး မင်းသမီး အဖြစ် သတ်မှတ်ခံရရုံသာမက အလှဆုံး အမျိုးသမီး အဖြစ်လည်း တင်စားခြင်းခံခဲ့ရတဲ့သူဖြစ်ပါတယ်။ Kim Tae-Hee က ၂၀၀၃ ခုနှစ်တုန်းက Stairway to Heaven ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ အားလုံးရဲ့ ချစ်ခင် နှစ်သတ်ခြင်းကို ရရှိခဲ့ပါတယ်။ Kim Tae-Hee ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေက Iris ၊ My Princess ၊ Love Story in Havard နဲ့ Hi Bye Mama တို့ပဲ ဖြစ်ပါတယ်။

7. Choi Ji Woo

Google

Choi Ji Woo ဟာဆိုရင်လည်း ရိုက်ကူးရေးတန်ဖိုး ၄၆၀၀၀ ရှိတဲ့ တန်ဖိုးမြင့် မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ Choi Ji Woo က ၂၀၂၃ ခုနှစ်ရဲ့ ထိပ်တန်း အချမ်းသာဆုံး စာရင်းထဲပါဝင်ခဲ့တဲ့သူဖြစ်ပြီး ထိပ်တန်း ၁၀ ယောက်စာရင်းထဲမှာ နံပါတ် ၇ နေရာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

6. Park Shin Hye

Google

တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင်လည်း Forbes Korea Power Celebrity စာရင်းထဲမှာ နံပါတ် ၃၃ နေရာ ချိတ်ခဲ့တဲ့အထိ အောင်မြင်မှု ရထားတဲ့သူဖြစ်ပါတယ်။ Park Shin Hye ရဲ့ တန်ကြေးက ရုပ်ရှင် အပိုင်းတစ်ပိုင်းကို ၂၇၀၀၀ အထိရှိပါတယ်။ သူမကလည်း ၂၀၂၃ ခုနှစ်အတွက် အချမ်းသာဆုံး ထိပ်တန်းမင်းသမီး စာရင်းထဲမှာ ရပ်တည်နေတဲ့သူဖြစ်ပါတယ်။

5. Ha Ji-Won

Google

အချမ်းသာဆုံး ထိပ်တန်းစာရင်းဝင်ခဲ့တဲ့ နောက်ထပ် မင်းသမီးတစ်ယောက်ကတော့ Hai Ji won ပဲ ဖြစ်ပါတယ်။ Hai Ji won က ရုပ်ရှင်ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းကို ၄၅၀၀၀ တန်ကြေးရှိတဲ့သူဖြစ်ပါတယ်။ Hai Ji won က ထိပ်တန်း မင်းသမီး တစ်ယောက်ဖြစ်သလို တန်ဖိုးမြင့်အဖြစ် ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

4. Go Hyun Jung

Google

တောင်ကိုရီးယားမင်းသမီး Go Hyun Jung ဟာဆိုရင်လည်း ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၃၆၅၀၀ အထိ ရရှိထားတဲ့သူဖြစ်ပါတယ်။ Go Hyun Jung က အသက် ၅၁ နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ နာမည်ကြီးပြီး အောင်မြင်မှုတွေ ရရှိနေတဲ့ သူဖြစ်ပါတယ်။ Go Hyun Jung က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးနောက်မှာမှ အနုပညာ လောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် တန်ဖိုး မြင့် ထိပ်တန်း အဖြစ် ရပ်တည်နေတဲ့ သူဖြစ်ပါတယ်။

3. Lee Young- Ae

Google

တောင်ကိုရီးယားမင်းသမီး Lee Young- Ae ဟာဆိုရင်လည်း ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၉၁၀၀၀ အထိ ရရှိတဲ့သူဖြစ်ပါတယ်။ Lee Young- Ae ကို မြန်မာ ပရိသတ်တွေက နန်းတွင်းရတနာ ဇာတ်လမ်းတွဲနဲ့ သိခဲ့ကြတာဖြစ်ပြီး လက်ရှိ အချိန်အထိလည်း ရင်ထဲမှာ အမှတ်ရနေတဲ့သူအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ Lee Young- Ae က ၂၀၂၃ ခုနှစ်မှာလည်း အချမ်းသာဆုံးနဲ့ အလှဆုံး အမျိုးသမီးအဖြစ် နံပါတ် ၃ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

2. Song Hye-Kyo

Google

တောင်ကိုရီးယားမင်းသမီး Song Hye-Kyo ဟာဆိုရင် အင်စတာဂရမ်ပိုစ့် တစ်ခုတည်းတင်ပေးရုံနဲ့ကို တောင်ကိုရီးယားဝမ်သန်း ၅၀၀ တန်ကြေးရရှိတဲ့ သူဖြစ်ပါတယ်။ Song Hye-Kyo က Forbes’s Korean Powerful Celebrity စာရင်းထဲမှာလည်း တန်ကြေး သန်း ၉၀၀ နဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်ခဲ့တဲ့ သူဖြစ်ပါတယ်။ Song Hye-Kyo က All In ၊  Descendants of Sun ၊ Brilliant Life နဲ့  We are Breaking Up ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြားမှာ လူသိများ ထင်ရှားခဲ့ပြီး ချစ်စံအိမ် ဇာတ်လမ်းနဲ့လည်း အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ကလေး ဘဝကတည်းက ပွဲဦးထွက်လာတဲ့ Song Hye-Kyo က ၂၀၂၃ ခုနှစ်မှာလည်း ဒုတိယဝင်ငွေအများဆုံးနဲ့ အချမ်းသာဆုံး ကိုရီးယား မင်းသမီးအဖြစ် ရပ်တည် လျက်ရှိပါတယ်။

1. Jun Ji-Hyun

Google

တောင်ကိုရီးယားမင်းသမီး Jun Ji-Hyun ဟာဆိုရင်လည်း ၂၀၂၃ ခုနှစ်မှာ အအောင်မြင်ဆုံး ထိပ်တန်းသရုပ်ဆောင်အဖြစ် ရပ်တည်နေတဲ့ သူဖြစ်ပါတယ်။ သူမက Grand Bell Awards ဆု နှစ်ဆု နဲ့ Daesang ဆု တစ်ဆုကိုလည်း ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Jun Ji-Hyun ရရှိတဲ့ ဝင်ငွေက ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းကို တောင်ကိုရီယားဝမ် ၂၀၀ သန်း အထိ ရှိတယ်လို့ သိရပါတယ်။ Jun Ji-Hyun က လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ထိပ်တန်း မင်းသမီး အဖြစ် ရပ်တည်လျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။