ကျွန်တော်တို့ လူသားတွေအတွက် အမြဲတမ်း စိတ်အနှောက်အရှက်ဖြစ်စေတဲ့ သတ္တဝါတွေထဲမှာ ခြဆိုတဲ့ အင်းဆက်တွေလည်း ပါဝင်ပါတယ်။ ခြတွေက အကောင်သေးပေမယ့် ကျွန်တော်တို့ ရဲ့နေအိမ်အဆောက်အဦးတွေ ဒါမှမဟုတ် အသုံးအဆောင်ပစ္စည်းတွေကို ပျက်စီးအောင်လုပ်နိုင်ကြသူတွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီအင်းဆက်လေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါလေးတွေပါ။


လူတော်တော်များများက ခြကောင်တွေက သစ်သားတွေပဲ စာကြတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ပလတ်စတစ်၊ အထည်နဲ့ နောက်ခံပုံတွေလိုမျိုး ပစ္စည်းတွေစတဲ့ မည်သည့်အရာမဆို စားသုံးကြပါတယ်။

ဒါကြောင့်လည်း အဖျက်သမားဆိုပြီး နာမည်ဆိုးဖြင့် ကျော်ကြာနေတာ ဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားရာက သူတို့က မအိပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခြတွေက ဘဝတစ်ခုလုံးကို မြှုပ်နှံထားတာဖြစ်လို့ မအိပ်မနေဘဲ အလုပ်ကြိုးစားကြလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေတောင် တစ်ပတ်ကို ခုနှစ်ရက်လောက်ဘဲ မအိပ်မနေ ဆက်တိုက် အလုပ်လုပ်ရင် သေတောင် သေသွားနိုင်ပါတယ်။

ပြီးတော့ ခြတွေက ဓာတ်ငွေ့များစွာကိုလည်း ထုတ်လွှတ်ပါတယ်။ ဟုတ်ပါတယ်.. သူတို့က သစ်သာတွေကို ကိုက်ဖျက်စားနေတဲ့ အချိန် ဒါမှမဟုတ် အခြားပစ္စည်းများ ချေဖျက်တဲ့ အခါမျိုးတွေမှာ ဓာတ်ငွေများထုတ်လွှတ်ပါတယ်။ တကယ်တော့ ဓာတ်ငွေ့ထုတ်လွှတ်တဲ့ ပမာဏဟာ အလွန်ကြီးမားတာကြောင့် ခြတွေကနေ ကမ္ဘာတစ်ဝှမ်း မီသိန်းထုတ်လွှတ်မှုဟာ နှစ်စဉ် တန်ချိန် သန်း ၂၀ လောက်ရှိပါတယ်။ ခြကောင်တွေဟာ အတော်လေး သန့်ရှင်းတဲ့ အင်းဆက်တွေပါ။ တသက်လုံးနီးပါး အညစ်အကြေးတွေနဲ့ ကုန်ဆုံးကြပေမယ့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ အများသူငှာ ကြိုးစားကြပါတယ်။


သတင်းအရင်းမြစ်: Source - safeguardpestcontrol
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။