တောင်ကိုရီးယားနာမည်ကြီး မင်းသား Rain ဟာ ပရိသတ်တွေမထင်ထားတဲ့ အရာတစ်ခုကို ဖွင့်ဟခဲ့ပါတယ်။Rain ဟာ သူ့ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် မိန်းကလေးတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ဖူးပေမယ့် လုံးဝမထင်ထားတဲ့ ကိစ္စ လည်းရှိခဲ့ဖူးတာ ဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ (၂) ရက်နေ့က YouTube ချန်နယ် "Season B Season" မှာ  ` Rain's Kitchen ကို လာရောက်တဲ့ သက်တူရွယ်တူသူငယ်ချင်း Ji Young 'ဆိုတဲ့ ခေါင်းစဉ်နဲ့ Video တင်ခဲ့ပြီး နှစ်ယောက်အတူ စကားပြောဆွေးနွေးခဲ့ကြပါတယ်။

ထိုစကားဝိုင်းမှာ Rain က Lee Je Young ကို `` မင်း ခန္ဓာကိုယ်အလေးချိန် ကျသွားပြီလား ‘’ လို့မေးခဲ့ပြီး Lee Je Young ကလည်း သူမဟာ (၁၄) ကီလိုဂရမ်ခန့်ကျသွားကြောင်း ဖြေကြားခဲ့ပါတယ်။

ထိုသို့ဖြေကြားပြီးတဲ့အချိန်မှာ Rain က “ငါ တကယ် ကိုယ်အလေးချိန် 95 ကီလိုဂရမ်အထိ ရှိခဲ့ဖူးတယ်၊ ဒီပုံစံအတိုင်းဆက်သွားရင် ငါ့အသက်ကိုပါဆုံးရဖို့ ရှိတာကြောင့် ဝိတ်ချခဲ့ရတယ်”လို့ပြောကြားခဲ့ပါတယ်။Rain ဟာ  နောက်ပိုင်းမှာ အစာကိုသေချာစားပြီး ခန္ဓာကိုယ်ကို အထူးဂရုစိုက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။