တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် လက်ရှိမှာ ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးသည် Katy Louise Saunders ကသာ သူ့အတွက် ပြည့်စုံတဲ့ တွဲဖက်ဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာကို KBS 2TV ရဲ့ အစီအစဉ်ဖြစ်တဲ့ Entertainment company Live ရဲ့ တင်ဆက်မှု အရ သိရှိခဲ့တာဖြစ်ပါတယ် ။ Song Joong Ki က မကြာသေးမီ အချိန်က အံ့ဩဖွယ် မင်္ဂလာသတင်းနဲ့အတူ ကိုယ်ဝန်ရှိနေကြောင်းကိုပါ ကြေညာခဲ့တာကြောင့် ပရိသတ်တွေ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။


Song Joong Ki က လက်ရှိမှာ ဇနီးအသစ်ဖြစ်တဲ့ Katy နဲ့ မင်္ဂလာစာချုပ်မှာ လက်မှတ်ထိုးထားပြီး မကြာခင်မှာ ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲ ကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ Song Joong Ki က သူ့ရဲ့ဘဝတစ်ခုလုံးကို Katy နဲ့ ဖြတ်သန်းချင်တဲ့အကြောင်းအရင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါအကြောင်းအရင်းကတော့ Katy က လေးစားဖို့ကောင်းတဲ့ ဉာဏ်ပညာနဲ့ပြည့်စုံပြီး အံ့သားသင့်ဖွယ်ကောင်းတဲ့ ကောင်မလေး ဖြစ်တာကြောင့်လို့ သိရပါတယ်။ Song Joong Ki က Katy ကိုချစ်လွန်းလို့ အမွှန်းတင်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဆိုပါ ချီးမွန်းချက်က ထူးခြားစွာနဲ့ပဲ ၂၀၁၆ ခုနှစ်တုန်းက လက်ထပ်ချင်တဲ့ မိန်းကလေး ပုံစံကို ဖွင့်ပြောတုန်းကနဲ့ သွားတူနေပါတယ်။ ဒါ ကြောင့် ပရိသတ်တွေက Song Joong Ki တစ်ယောက် အရင်ဇနီးဟောင်း Song Hye Kyo နဲ့ လက်မထပ်ခင်ကတည်းက Katy လိုမျိုး ပုံစံနဲ့ မိန်းကလေးကို ကြိုက်ခဲ့တာဖြစ်တယ်လို့ တွေးမိခဲ့ကြတာဖြစ်ပါတယ်။

Song Joong Ki ရဲ့ လက်ရှိဇနီးဖြစ်သူ Katy က Bocconi University ကနေ ဘွဲ့ရခဲ့တဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ Lizzie McGuire ဇာတ်လမ်းနဲ့ ပထမဦးဆုံး ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ ပထမဦးဆုံးကလေးလေးကို ဩဂုတ်လမှာ မွေးဖွားသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။