တောင်ကိုရီးယား ရဲ့နာမည်ကြီးမင်းသမီး ဆောင်းဟေကို ဟာ မကြာခင်မှာ သူ့ကိုချစ်တဲ့ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ဆောင်းဟေကို ဟာ လူမှုကွန်ရက်မှာ အချိန်ခဏကြာအောင် တိတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ခဏတာ ငြိမ်သက်နေတာဟာ မကြာသေးခင်က ခင်ပွန်းဟောင်းဖြစ်တဲ့ ဆောင်းဂျွန်ကီ လက်ထပ်လိုက်ပြီ ဆိုတဲ့ သတင်းကြောင့်လို့ ပြောဆိုမှုတွေ ရှိခဲ့သလို အလုပ်တွေမစသေးလို့ အခုလို ခဏနားနေတာဖြစ်တယ်လို့ လည်း ပြောဆိုမှုတွေရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်ကတော့ ဆောင်းဟေကိုဟာ သူမကိုစိတ်ပူနေတဲ့ ပရိသတ်တွေအတွက် လူမှုကွန်ရက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ဆောင်းဟေကိုဟာ သူမရဲ့ Instagram Story မှာ ဖိတ်စာရထားတဲ့ အကြောင်းကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

ထိုဖိတ်စာဟာ လာမယ့် ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ အသစ်ဖွင့်မယ့် Palazzo FENDI SEOUL ရဲ့ ဖွင့်ပွဲ ဖိတ်စာလေးပဲ ဖြစ်ပါတယ်။ဖွင့်ပွဲဖိတ်စာကို အခုလို ပရိသတ်တွေကို ချပြခဲ့တာကြောင့် ဆောင်းဟေကိုအနေနဲ့  ထိုဖွင့်ပွဲကိုတက်ရောက်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ထပ်မံပြီး ဆောင်းဟေကိုအနေနဲ့ ဖေဖော်ဝါရီ (၂၃) ရက်နေ့အီတလီနိုင်ငံ၊မီလန်မြို့မှာကျင်းပမယ့် Fendi fashion ပွဲကိုလည်း တက်ရောက်မယ်လို့ ElleKorea အင်တာဗျူးမှာ ဖြေထားခဲ့တာကြောင့် ဒီလထဲမှာပဲ ဆောင်းဟေကိုအနေနဲ့ တစ်လအတွင်း နှစ်ပွဲတက်ရောက်ဖို့ များနေတာလည်း ဖြစ်ပါတယ်။

Photos: Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။