တောင်ကိုရီးယားမင်းသား Hyun Bin ဟာဆိုရင် မကြာသေးမီးကမှ မီးဖွားပြီး သားဦးလေး ဖွားမြင်ထားတဲ့ ဇနီး ဖြစ်သူ Son Ye Jin ရဲ့ဘေးနားမှာ အဖော်အဖြစ် ရှိပေးခဲ့တဲ့သူဖြစ်ပါတယ်။ Hyun Bin က ဇနီးဖြစ်သူဘေးနားမှာ ရိုက်ကူးရေးတွေ အားလုံးကို အနားယူထားပြီး ပြုစုစောင့်ရှောက် ပေးနေခဲ့ရာကနေ လက်ရှိမှာတော့ အနုပညာလှုပ်ရှားတွေ ပြန်လည် လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။
@binjin_couple #hyunbinactor #HyunBin #oppa #yejinhand #sonyejin #현빈 #hyunbinoppa #HYUNBIN #ฮยอนบิน #thepointmen #hyunbin #confindentialassignment2 ♬ Talk Love - 케이윌
ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ Hyun Bin က ခန့်ခန့်ညားညားနဲ့ အရမ်း ချောမောလွန်းနေပြီး ပရိသတ်တွေ ရင်ထဲ စွဲကျန်နေမယ့် မျက်နှာလေး ဖြစ်လို့နေပါတယ်။



အိမ်ထောင်ကျသွားပြီဖြစ်ပေမယ့်လည်း ခန့်ညားပြီး ချောမောလွန်းနေဆဲ ဖြစ်တဲ့ Hyun Bin ကို ပရိသတ်တွေအားလုံးက ချစ်နေကြပါတယ်။

Hyun Bin က လမ်းတစ်လျှောက်မှာ ပရိသတ်တွေ ပေးလာကြတဲ့ လက်ဆောင် ပစ္စည်းလေးတွေ အားလုံးကို လက်ခံထားပြီး ပရိသတ်တွေ အားလုံးကိုလည်း ရင်းနှီးဖော်ရွေစွာ လိုက်လံ နှုတ်ဆက်ပေးလျက်ရှိပါတယ်။

အိမ်ထောင်ကြပြီး သားတစ်ယောက် အဖေ ဖြစ်နေပေမယ့်လည်း နုပျိုဆဲချောမောနေဆဲ ဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Hyun Bin ရဲ့ မျက်နှာလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။