Blackpink အဖွဲ့ဝင် Lisa ဟာ လူနည်းစုသာ ပိုင်ဆိုင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။သူမဟာ Black Credit Card ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အံ့အားသင့်ခဲ့ကြပါတယ်။

ဇန်နဝါရီ (၃၁) ရက်နေ့က Lisa ဟာ Blackpink အဖွဲ့ဝင် Jisoo ရဲ့ Vlog မှာပါဝင်ခဲ့ပြီး ဂျာမနီနိုင်ငံ Cologne မှာရှိတဲ့ ခရစ္စမတ်စျေးကွက်ကို အတူတူလည်ပတ်ခဲ့ကြပါတယ်။ သူမတို့နှစ်ယောက်ဟာ မတူညီတဲ့ ယမကာများဝယ်ပြီး ငွေပေးချေတဲ့အခါမှာ ပရိသတ်တွေဟာ ပိုက်ဆံအိတ်ထဲမှာ ရှိတဲ့ Credit Card ကို သတိထားမိခဲ့ကြပါတယ်။

ထိုကတ်ဟာ 'Hyundai Card the Black Edition 3'၊ VVIP ကတ်နဲ့ ဒုတိယတန်းစားအမြင့်ဆုံး Credit Card ဖြစ်ပါတယ်။ နှစ်စဉ်အသင်းဝင်ကြေး ကိုရီးယားဝမ် (၂.၅) သန်း (သို့မဟုတ်) USD 2,045 ပုံမှန်ထည့်ရပြီး ထိုကတ်ကို ဂုဏ်သရေရှိတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့လူမျိုး 0.05% ကသာ အကန့်အသတ်နဲ့ ပိုင်ဆိုင်နိုင်ကြတယ်လို့  လူသိများတာ ဖြစ်ပါတယ်။

 တစ်နည်းအားဖြင့် Hyundai Card မှ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားထားတဲ့သူတွေကသာ ကတ်အတွက် စာရင်းသွင်းနိုင်တာ ဖြစ်ပါတယ်။ အမှုဆောင်ရှစ်ဦး ပါ၀င်တဲ့ ကော်မတီရဲ့ တညီတညွတ်တည်း ခွင့်ပြုချက်ရပြီးမှသာ ထုတ်ပေးတဲ့ ကတ်လည်း ဖြစ်ပါတယ်။

ဒီကတ်ကို ပိုင်ဆိုင်ထားတဲ့ Lisa အတွက်လည်း ပရိသတ်တွေက ဂုဏ်ယူနေကြသလို ထိုကတ်ကို Lisa အပြင် BTS အဖွဲ့ဝင် Jin နဲ့ Jungkook ၊ သရုပ်ဆောင် Lee Jungjae နဲ့ Jun Jihyun ၊ BIGBANG အဖွဲ့ဝင် G-Dragon တို့ဟာလည်း Black Credit Card ကို ပိုင်ဆိုင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Gstarlive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။