တောင်ကိုရီးယားမင်းသမီး Song Hye Kyo နဲ့ အတူဇာတ်လမ်းတွဲရိုက်ဖူးတဲ့ မင်းသားတွေဟာဆိုရင် Song Hye Kyo နဲ့ ပတ်သက်ပြီး ထူးထူးခြားခြားကို တူညီတဲ့ ခံစားချက်တွေ ရှိလို့ နေခဲ့ပါတယ်။

Song Hye Kyo ဟာဆိုရင် ထူးခြားစွာနဲ့ အတူ ဇာတ်လမ်းတွဲ ရိုက်ဖူးတဲ့ မင်းသားတွေကြားမှာ တူညီတဲ့ မှတ်ချက် ရှိခဲ့တဲ့သူဖြစ်ပါတယ်။ Song Hye Kyo ရဲ့ ပုံစံကို မှတ်ချက်ပေးခဲ့တဲ့ မင်းသားတွေထဲက တစ်ယောက်က Kang Dong Won ပဲ ဖြစ်ပါတယ်။

Kang Dong Won က ၂၀၁၄ ခုနှစ်မှာ My Brilliant Life ဇာတ်လမ်းတွဲမှာ Song Hye Kyo နဲ့ အတူ ပါဝင်ခဲ့တာဖြစ်ပြီး Song Hye Kyo ကို အပူအပင်မရှိ ပေါ့ပါးတဲ့ အမျိုးသမီးလို့မှတ်ချက်ပြုခဲ့ပါတယ်။

Song Hye Kyo နဲ့ Descendants of the Sun ဇာတ်လမ်းတွဲမှာ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Lee Seung Jun ဟာဆိုရင်လည်း Song Hye Kyo ကို ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူလေးလို့ မှတ်ချက်ပြုခဲ့ပါတယ်။
Descendants of the Sun ဇာတ်လမ်းထဲမှာပဲ ပါဝင်ခဲ့တဲ့ နောက်ထပ် မင်းသားတစ်ယောက်ဖြစ်တဲ့ Ahn Bo Hyun ဟာဆိုရင်လည်း Song Hye Kyo ကို ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့သူလို့ မှတ်ချက်ပြုပေးခဲ့ပါတယ်။


မကြာသေးမီက The Glory ထဲမှာ ပူပူနွေးနွေး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Jung Sung Il ဟာဆိုရင်လည်း Song Hye Kyo ကို အပြင်မှာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့သူဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ Song Hye Kyo က ကင်မရာ အရှေ့မှာ အကောင်းဆုံး သရုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်တဲ့သူဖြစ်ပေမယ့် အပြင်မှာဆိုရင်တော့ ဇာတ်လမ်းထဲကနဲ့ မတူလောက်အောင်ကို ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်နေထိုင်တတ်တဲ့ သူဖြစ်ပါတယ်။

ပရိသတ်တွေကလည်း Song Hye Kyo က လူကောင်းတစ်ယောက်ဖြစ်ကြောင်း ၊ ပေါ့ပေါ့ပါးပါးနေထိုင်တတ်ပြီး မာန မရှိတဲ့သူဖြစ်ကြောင်း ၊ အရမ်းလှပြီး မျက်နှာလေးနဲ့ စိတ်လေး လိုက်ဖက်တဲ့သူဖြစ်ကြောင်း မှတ်ချက်ပြုထားကြပါတယ်။ ဇာတ်လမ်းအတူရိုက်ကူးတဲ့မင်းသားတိုင်း တူညီစွာ ပြောခဲ့ကြတဲ့ Song Hye Kyo ရဲ့ အကြောင်း လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။