ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Big Mouth ဒရမ်မာဟာဆိုရင် နောက်ဆုံးအပိုင်းကိုထုတ်လွှင့်ပြီး အဆုံးသတ်ခဲ့ပါပြီ။ အဲ့ဒီကားထဲကအဓိက ဇာတ်လိုက်ဖြစ်တဲ့ Lee Jong Suk ဟာဆိုရင်ဇာတ်ကားထဲမှာ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှူတွေနဲ့ ရုပ်ရည်တွေကြောင့် လူစိတ်ဝင်စားခံနေရပါတယ်။
![](https://s9.kh1.co/da/da49c811a8e1ff5f6c07749afefad79482ee43a7.png)
သူရဲ့ဇာတ်ကားနဲ့လိုက်ဖက်အောင် သရုပ်ဆောင်ပီပြင်မှုဟာ အခု Big Mouth မှမဟုတ်ပဲရှေ့ကသူသရုပ်ဆောင်ခဲ့တဲ့ ဒရာမာတွေကတည်းကဖြစ်ပါတယ်။
![](https://s9.kh1.co/bb/bba8cca5ec13e83c3d7e3b95ff181e635eff711c.png)
အခုလည်း အွန်လိုင်းပေါ်မှာပျံ့နေတဲ့ပုံတစ်ပုံက အင်တာနက်အသုံးပြုသူတွေကြား ရေပန်းစားလျက်ရှိပါတယ်။ အဲ့ဒီပုံထဲမှာဆိုရင် Lee Jung Suk ကကင်မရာကိုကျောပေးထားပြီး သူ့ရဲ့ထုတ်လုပ်ရေးအဖွဲ့သားတွေဖက်မျက်နှာမူထားက ဝန်ထမ်းတစ်ဦးကိုပုခုံးဖက်ထားတာ တွေ့ရပါတယ်။
![](https://s9.kh1.co/32/323969bff0d98b1c1f1b0d8ef3b6db9d64b7715a.png)
အဲ့ဒီပုံကိုကြည့်ပြီးတဲ့ ပရိသတ်တွေကတော့ Lee Jung Suk ရဲ့ပုံဟာ ကောမစ်(ကာတွန်းရုပ်ပြ) ထဲကမင်းသားတစ်ယောက် အပြင်ထွက်လာသလိုပဲ လို့ တင်စားပြောနေကြပါတယ်။သူ့ရဲ့ယောကျာ်းဆန်ပြီး၊ အရပ်ရှည်တဲ့ပုံကိုကြည့်ပြီး ပရိသတ်တွေကတော့ လုံးဝကြွေဆင်းနေကြပါတယ်။
![](https://s9.kh1.co/de/de6a5908c690dbb6adb021dd81c5d7a9e7ac7d37.png)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။