2023 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့ထုတ် ကိုရီးယားသတင်းစာ Gstarlive ရဲ့ ဖော်ပြချက်အရ BLACKPINK အဖွဲ့ဝင် Lisa က တောင်ကိုရီးယားနိုင်ငံ၊ Seongbuk-dong ရှိ သုံးထပ်အိမ်ကို ထပ်မံဝယ်ယူခဲ့ပါတယ်။

Seongbuk-dong ဆိုတာက ချမ်းသာတဲ့သူတွေသာ နေထိုင်တဲ့ နာမည်ကြီးရပ်ကွက်တစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ဩဇာရှိတဲ့ နေရာဆိုလည်း မမှားပါဘူး။ အဲဒီနေရာာမှာ သရုပ်ဆောင် Bae Yong Joon ၊ Lee Seung Gi တို့အပြင် Hyundai Group နဲ့ Hyundai ရဲ့ ဥက္ကဌများလဲ နေထိုင်ကြပါတယ်။  

Lisa ရဲ့ ဇိမ်ခံအိမ်ကို 2022 ခုနှစ် ဇူလိုင်လမှာ လက်မှတ်ရေးထိုးခဲ့ပြီး 2023 ခုနှစ် ဇန်နဝါရီလမှာ ငွေပေးချေခဲ့ပါတယ်။ Lisa ဝယ်ယူခဲ့တဲ့ အိမ်ကြီးက $6.05 million ခန့်တန်ဖိုးရှိတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။