နာမည်ကြီး အမျိုးသမီး K-pop အဖွဲ့ဖြစ်တဲ့  Blackpink အဖွဲ့အတွက် စိုးရိမ်စရာအခြေအနေတစ်ခုနဲ့ ကြုံတွေ့နေရပါတယ်။ အကြောင်းကတော့ Newzealand Auckland ဒေသမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲဟာ ဖျက်သိမ်းရဖွယ် ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

Blackpink ဟာ အခုအချိန်မှာ Born Pink ကမ္ဘာလှည့်ဖျော်ဖြေရေးတွေ လုပ်နေတာ ဖြစ်ပြီး မကြာသေးခင်က နိုင်ငံအချို့မှာ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် Blackpink ဟာ ဖျော်ဖြေပွဲ တွေထပ်မံမကျင်းမမီ တစ်လခန့် အနားယူနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က လူမှုကွန်ရက်မှာ Auckland ကဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။အေဂျင်စီဖြစ်တဲ့ YG ကတော့ အကြောင်းတစ်စုံတစ်ရာ မထုတ်ပြန်သေးပေမယ့် အင်တာနက်အသုံးပြုသူတွေကတော့ မှန်ကန်ကြောင်း ပြောဆိုမှုတွေရှိနေကြတာ ဖြစ်ပါတယ်။

Auckland ကသူတွေရဲ့ အဆိုအရ သူတို့ဒေသမှာ လွန်ခဲ့တဲ့ လေးရက်အတွင်း ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် ရေလွှမ်းမိုးမှုခံနေရပြီး လူထောင်ပေါင်းများစွာဟာ ဘူတာရုံမှာနေနေရတယ်လို့ သိရပါတယ်။ဒါ့အပြင် သေဆုံးမှုတစ်ချို့လည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခုလို သတင်းထွက်ခဲ့တာ ဖြစ်ပြီး ထို့ပြင် Auckland ဟာ  Rose ရဲ့ မွေးရပ်မြေဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ပိုပြီးဝမ်းနည်းနေခဲ့ကြတာ ဖြစ်ပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။