ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ ထိုင်းမင်းသား James ကတော့ အနုပညာရှင် အသိုင်းအဝိုင်းထဲက မဟုတ်တဲ့ ကောင်မလေးနဲ့ တွဲနေတာတွေ နှစ်တွေ တော်တော်ကြာကြာရှိပြီပဲဖြစ်ပါတယ်။ James က သူ့ချစ်သူကို သိပ်ထုတ်ဖော်ပြလေ့မရှိပေမယ့် မကြာသေးမီကမှ မင်္ဂလာပွဲတွေ တူတူတက်ပြီး နှစ်ယောက်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ချစ်ကြောင်းကို Social မှာ သိပ်ချမပြလေ့ရှိတဲ့ သူတို့အတွဲလေးက မကြာသေးမီရက်ပိုင်းကပဲ ကောင်မလေးနဲ့ Japan နိုင်ငံမှာ Date နေတဲ့ ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ နှစ်ယောက်က အပန်းဖြေခရီးတွေထွက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးနေကြတာပါ။

ပုံလေးထဲမှာတော့ JJ က နှင်းတောထဲမှာ ကောင်မလေးကို ဖက်ပြီး Roဆန်ဆန်နဲ့ ကြည်နူးနေကြတာပါ။ မြင်လိုက်တဲ့သူတိုင်း သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေက ဘယ်လောက်တောင် ခိုင်မာနေကြောင်း ပြသနေပါတော့တယ်။ နှစ်ယောက်လုံးက လိုက်ဖက်လွန်းပြီး ဖြူဖြူဉဉလေးတွေနဲ့ ချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။