ဒီရက်ပိုင်းအတွင်း ရုံတင်ခဲ့တဲ့ “ Pathaan ” ရုပ်ရှင်ဇာတ်ကားကြီး ဟာ ဘောလိဝုဒ် လောကမှာတင်သာမက တစ်ကမ္ဘာလုံးကပါ သတိထားမိတဲ့အထိကို ပိုက်ဆံ ကုဋေပေါင်းများစွာ ငွေရရှိခဲ့ပြီး ပရိသတ်အားပေးမှုကို အဆမတန်ဆိုသလို ရရှိခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပါတယ်။ “ Pathaan ” ဇာတ်ကားကြီး ဟာ အက်ရှင်ဇာတ်ကားကြီးတစ်ခုဖြစ်ပြီး ဘောလိဝုဒ်လောကရဲ့ ထုံးစံအတိုင်း အကအလှတွေနဲ့ မိမိုက်နေတဲ့ ဇာတ်ကားကောင်းကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader

ဒီ “ Pathaan ”  ဇာတ်ကားကြီးမှာ မင်းသားကြီး ရှာရွတ်ခမ်း ၊ ဂျွန်အေဘရာဟမ် ၊ ဒီပီကား တို့ပါဝင်ခဲ့ကြပြီး ပါဝင်သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးတွေကြောင့်လည်း လူစိတ်ဝင်စားမှုအတော်လေးရရှိခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခမ်း ဟာလည်း ဒီဇာတ်ကားကြီး မှာ ပါဝင်ဖို့အတွက် လေ့ကျင့်ခန်း တွေ သေချာ တစိုက်တမတ် လုပ်ဆောင်ခဲ့ပြီး သူ့ကိုယ်သူပြောင်းလဲခဲ့ပါတယ်။

Photo Credit From Original Uploader

အဲ့တာကြောင့် ရှာရွတ်ခမ်း နဲ့ တူတူသရုပ်ဆောင်ခဲ့ရတဲ့ ဂျွန်အေဘရာဟမ် က ရှာရွတ်ခမ်း နဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို ပရိသတ်ထံ ဝေမျှလာခဲ့တာဖြစ်ပါတယ်။ ဂျွန် ဟာ တစ်ချိန်တုန်းက သူ့ကိုယ်သူ အက်ရှင်ဟီးရိုးလို့ သတ်မှတ်ထားပေမယ့် အခုအခါ “ Pathaan ”တွဲရိုက်ပြီးနောက်မှာတော့ ရှာရွတ်ခမ်းကို အက်ရှင်ဟီးရိုး နံပါတ်ဝမ်းအဖြစ် သတ်မှတ်လိုက်ပြီလို့ ဆိုခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။