2023 ခုနှစ် ဇန်နဝါရီလ 30 ရက်နေ့မှာတော့ မင်းသား Song Joong Ki ဟာ သူ့ရဲ့ ချစ်သူအသစ် Katy နဲ့ လက်ထပ်တော့မယ်လို့ ကြေညာခဲ့ပြီး သူတို့ရဲ့ ရင်သွေးလေးကိုလည်း ပိုင်ဆိုင်နေပြီလို့ ပြောကြားပြီးနောက်မှာ ပရိသတ်တွေက အံ့အားသင့်ခဲ့ရပါတယ်။

ဒီသတင်းတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြီးဆုံးသွားပေမယ့် ဖြစ်ပျက်ခဲ့တာတွေကို သိချင်နေကြပြီး လူတော်တော်များများက စောင့်ကြည့်နေကြဆဲပါ။

မကြာသေးမီက နိုင်ငံခြားမီဒီယာတွေနဲ့ အင်တာနက်အသုံးပြုသူတွေက တောင်ကိုရီးယား၊ ဆိုးလ်မြို့ရှိ Eterno Cheongdam အဆောက်အအုံ ယူနစ် 106-7 မှာ ရှိတဲ့ Penthouse က Song Joong Ki နဲ့ Katy တို့ရဲ့ နေအိမ်အသစ်ဖြစ်ကြောင်း ပြောနေကြပါတယ်။ Penthouse က အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်မှာရှိတဲ့ ဇိမ်ခံအိမ်ကြီးဖြစ်ပြီး အများအားဖြင့် ခေတ်မီစက်ကိရိယာတွေ တပ်ဆင်ထားကြောင်း သိရပါတယ်။

ပျော်ရွှင်စရာ မိသားစုလေး တည်ဆောက်ပြီး နှစ်ယောက်တည်းနေထိုင်ဖို့ ပြင်ဆင်နေကြတဲ့ သူတို့အိမ်ကြီးရဲ့တန်ဖိုးက တွက်ကြည့်ရင် ဝမ် ၁၅ ဘီလီယံ ဒါမှမဟုတ် ဒေါ်လာ ၁၂ သန်းကျော်အထိ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Song Joong Ki နဲ့ သူ့ရဲ့ ဇနီးသစ်တို့ဟာ Katy မိဘတွေရဲ့ ဝမ်ငွေ 20 ဘီလီယံတန်တဲ့ Itaewon မှာရှိတဲ့ အိမ်မှာ နေထိုင်နေပါတယ်။

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။