တောင်ကိုရီးယားမင်းသား Song Joong Ki နဲ့ ဇနီးဖြစ်သူ မင်းသမီး Song Hye Kyo တို့ဟာဆိုရင် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြပြီးမှ ပရိသတ်တွေပါ နောင်တရသွားစေလောက်အောင် ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦး ကွာရှင်းခဲ့တုန်းက ပရိသတ်တွေ များစွာက သဘောမတူခဲ့ကြပါဘူး။ နောက်ထပ် သဘောမတူတဲ့ မိသားစုဝင်တစ်ယောက်လည်း ရှိလို့နေပါတယ်။ သူကတော့ Song Joong Ki ရဲ့ မိခင်ကြီးပဲ ဖြစ်ပါတယ်။ Song Joong Ki ရဲ့ မိခင်ဖြစ်သူဟာဆိုရင် Song Hye Kyo နဲ့ သူမရဲ့ သားဖြစ်သူတို့ ကွာရှင်းတုန်းက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

Song Joong Ki ရဲ့ မိခင်ကြီးကလူမြင်ကွင်းကို သိပ်ပြီး ထွက်လေ့မရှိဘဲ တည်ငြိမ်အေးဆေးစွာနဲ့သာ နေထိုင်လေ့ရှိတဲ့သူဖြစ်ပါတယ်။ သူမက Song Joong Ki နဲ့ Song Hye Kyo တို့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ကြတုန်းက ပထမဦးဆုံးအနေနဲ့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ Song Joong Ki ရဲ့ မိခင်ကြီးက တောင်ကိုရီးယားရဲ့ရှေးရိုးစွဲတစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ သားနဲ့ ချွေးမဟောင်းဖြစ်သူတို့ကို ကွာရှင်းဖို့အတွက် မတိုက်တွန်းခဲ့ပါဘူး။ သားဖြစ်သူရဲ့ အိမ်ထောင်ရေးကို တစ်လင်တစ်မယား စနစ်နဲ့ ဖြစ်စေချင်တဲ့ မိခင်ကြီးရဲ့ ဆန္ဒကနောက်ဆုံးမှာ မပြည့်ဝခဲ့ဘဲ သားဖြစ်သူ ကွာရှင်းဖို့ကို သဘောတူခဲ့ရတယ်လို့ သိရပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ နှစ်ယောက်က လက်ရှိမှာ တစ်ယောက်တစ်လမ်းစီနဲ့ အနုပညာ လမ်းကြောင်း ထက်ဆီကိုရောက်ရှိနေတာဖြစ်ပြီး အောင်မြင်မှုတွေ အသီးသီး ရရှိပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။



Song Hye Kyo က လက်ရှိမှာ နောက်ထပ် အိမ်ထောင်ထပ်ပြုဖို့ အစီအစဉ်မရှိသေးပေမယ့် Song Joong Ki ကတော့ နောက်ထပ် အိမ်ထောင်နဲ့ ကိုယ်ဝန်ရှိနေပြီး ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့တောင် အကောင်အထည်ဖော်နေပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။