ပရိသတ်တွေချစ်ခင်နှစ်သက်ကြတဲ့ အတွဲလေးဖြစ်တဲ့ ထိုင်းမင်းသား Mark Prin နဲ့ မင်းသမီး Kimmy ကတော့ မြင်သူတိုင်း အားကျရတဲ့ စုံတွဲလေးလို့ဆိုလောက်ရောက်အောင်ကို တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ခင်ပြီး Ro ဆန်တဲ့ အတွဲလေးလဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်တွဲလာခဲ့တာ အခုဆိုရင် ၈ နှစ်ကျော်ရှိပြီဖြစ်ပြီး ကျန်ခဲ့တဲ့ Apirl လ ကပဲ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကလည်း မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဘာများထူးခြားမလဲဆိုပြီး သတင်းကောင်းလေးကို စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။ Mark Prin ကတော့ မကြာခင်က အင်တာဗျူးတစ်ခုမှာ မင်္ဂလာပွဲတစ်ခုနဲ့ ပတ်သက်ပြီး ဖြေကြားပေးခဲ့ပါတယ်။ Mark Prin က “မင်္ဂလာပွဲကို ထိုင်းနိုင်ငံနဲ့ ပြည်ပနိုင်ငံမှာ တစ်နိုင်ငံမှာ ကျင်းပဖို့ တော့ စီစဉ်ထားပါတယ်။ ပြည်ပနိုင်ငံကတော့ Kimmy မှန်းထားတဲ့ နိုင်ငံမှာကျင်းပပေးနိုင်အောင် ကြိုးစားနေပါတယ်။

မင်္ဂလာရက်ကိုတော့  ဒီနှစ် ၂၀၂၃ ရဲ့ စက်တင်ဘာလ ဖြစ်ဖြစ် နိုဝင်ဘာလဖြစ်ဖြစ် ကျင်းပမယ်လို့ စိတ်ကူးထားပါတယ်။ Prewedding ကိုလည်း နိုင်ငံခြားထွက်ပြီး ရိုက်ဖို့ စီစဉ်ထားပါတယ်။ နေရာကိုတော့ Kimmy က ရွေးနေတုန်းပါပဲ။ ကျွန်တော်ရဲ့ အလုပ် Project တွေကတော့ March လ လောက်မှာမှ ပြီးမှာပါ။ Kim ကတော့ ဖေဖော်ဝါရီလောက်ဆို ပြီးပါပြီ။ နှစ်ယောက်လုံးအလုပ်တွေပြီးရင်တော့ မင်္ဂလာပွဲအတွက်ပဲ စီစဉ်တော့မှာပါ။ ဝတ်စုံကိုတော့ ၄ စုံလောက်ရွေးထားပါတယ်” လို့ ပြောကကြားသွားပါတယ်။

သတင်းအရင်းမြစ်: daradaily.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။