အပူပိုင်းဒေသအားလုံးမှာ လူအကြိုက်အများဆုံးအသီးကတော့ သရက်သီးပါ။ သရက်သီးက ကျွန်တော်အပါအဝင် လူတော်တော်များများလည်း ကြိုက်ကြပါတယ်။ သရက်သီးအားလုံးက ပန်းပွင့်အပင် Anacardiaceae မိသားစုဝင်ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ မျိုးစိတ်ပေါင်းက အနည်းဆုံး ၃၀ ခန့်လောက်ရှိပါတယ်။


အားလုံးဟာ ပုံသဏ္ဍာန်နှင့်အရွယ်အစား ၊ ထူးကဲတဲ့ အရသာတွေကတော့ တစ်မျိုးစီရှိကြပါတယ်။ အဲ့ဒီအထဲမှာ ပုံသဏ္ဍာန်နှင့်အစွမ်းသတ္တိ ထူးခြားလွန်းတဲ့ မျိုးစိတ်တစ်မျိုးရှိပါတယ်။ ဒီသရက်သီးမျိုးစိတ်ကတော့ mangifera လို့ အမည်ရပါတယ်။ သူကတော့ အင်ဒို ကမ်းရိုးတန်း ဒေသက ထွက်ရှိတဲ့ သရက်သီးဖြစ်ပေမယ့် အထူးသဖြင့် ကျွန်းဆွယ်ရဲ့ အနောက်နှင့် အရှေ့ဘက်ကမ်းရိုးတန်းရဲ့ ဇာတိအပင်ဖြစ်ပါတယ်။



သရက်သီးဆိုပေမယ့် ကျွန်တော်တို့ တွေ့ဖူးနေတဲ့ သရက်သီးတွေနဲ့ မတူတာတော့ အမှန်ပါ။ သူ့မှာကလည်း "အိန္ဒိယအမျိုးအစား" နှင့် "အရှေ့တောင်အာရှအမျိုးအစား “ ဆိုပြီး မတူတဲ့ မျိုးရိုးဗီဇနှစ်မျိုးရှိပါတယ်။ ဒီသရက်သီးရဲ့ အပင်က ကျွန်တော်တို့ နိုင်ငံမှာ တွေ့ရတဲ့ သရက်ပင်တွေလိုတော့ မဟုတ်ပါဘူး။ အမြင့် ၃၀ မီတာ ( ပေ ၁၀၀ )အထိ ကြီးထွားကြပါတယ်။ Ayurveda ရဲ့ အဆိုအရ Mangifera သရက်သီးဟာ အမျိုးမျိုးသော ဆေးဖက်ဝင်ဂုဏ်သတ္တိများပါတယ်လို့ ဆိုပါတယ်။

သတင်းအရင်းမြစ်: Source - flick
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။