BTS အဖွဲ့ဝင် Jung Kook ဟာ သူ့ကိုမမြင်ရတာ ကြာတဲ့ ပရိသတ်တွေကို မထင်ထားတဲ့ ပုံစံတစ်ခုနဲ့  အံ့အားသင့်စေခဲ့ပါတယ်။Jung Kook ဟာ သူ့ရဲ့ အချစ်ဆုံးခွေးလေးနဲ့အတူ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Video ထဲမှာ Jung Kook ဟာ ယောက်ျားဆန်တဲ့ ပုံစံကိုခံစားမိစေလောက်အောင် ဆံပင်အရှည်ကြီးနဲ့ အတူ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ အိမ်မွေးခွေးလေး Bam နဲ့ အတူ အိမ်မှာနေရင်း ပရိသတ်တွေနဲ့ စကားပြောကာ အချိန်ကုန်ခဲ့ပြီး တစ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်မြင်ရတာကြောင့် ပရိသတ်များတွေဟာ ကြည်နူးခဲ့ကြပါတယ်။

ပရိသတ်တွေဟာ သူ့ခွေးလေးနဲ့အတူ Jungkook ရဲ့ ဆံပင်ရှည်တွေကိုပါ မြင်တွေ့ခဲ့ရတာကြောင့် အပျော်ကြီးပျော်နေခဲ့ကြပြီး မှတ်ချက်အမျိုးမျိုးလည်း ပေးခဲ့ကြပါတယ်။Jung Kook ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို  ပရိသတ်တွေဟာ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်တွေနဲ့အတူ ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ကြပါတယ်။

Jung Kook ဟာ အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့ပြီး ကမ္ဘာ့ဖလားဖွင့်ပွဲမှာသီဆိုခဲ့တဲ့ The Dreamers သီချင်းကိုလည်း ပရိသတ်တွေအတွက် သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။

Photos: Credit

သတင်းအရင်းမြစ်: Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။