မုတ်ဆိတ်ဖြူကြီးသာ ဉာဏ်ပညာကို ကိုယ်စားပြုတယ်ဆိုရင် De Brazza ရဲ့မျောက်တွေဟာ အာဖရိကလွင်ပြင်ရဲ့ မှော်ဆရာတွေ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ မုတ်ဆိတ်‌မွှေးတွေ၊ ထူထဲတဲ့ မျက်ခုံးမွှေးတွေနဲ့ ဒီမျောက်ဝံတွေဟာ ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်ရှိပါတယ်။

နိမ့်ကျပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ သူတို့ဟာ အာဖရိကအလယ်ပိုင်းမှာ နေထိုင်ကြပြီး သစ်တောတွေ ဝန်းရံထားတဲ့ မြစ်တစ်လျှောက်မှာ အချိန်အများစုကို ကုန်ဆုံးကြပါတယ်။ ဒီမျောက်တွေဟာ အလွယ်တကူ ထိတ်လန့်တတ်တာကြောင့် တိတ်တိတ်ဆိတ်ဆိတ်ဘဲ နေတတ်ပါတယ်။

သူတို့ကိုတွေ့ရှိတဲ့အခါကျရင်လည်း သူတို့နဲ့ပတ်သက်တဲ့ နောက်ထပ်အရာတွေကို ရှာမတွေ့နိုင်အောင် ခုခံကာကွယ်တဲ့‌အနေနဲ့ ရေခဲလို မလှုပ်ပဲ ရပ်တန့်သွားပါလိမ့်မယ်။ အီသီယိုးပီးယား၊ ကင်ညာနှင့် အန်ဂိုလာနိုင်ငံအားလုံးမှာ အကောင်ရေများပါတယ်။

သတင်းအရင်းမြစ်: farand wide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။