ဟောလိဝုဒ် လောကရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ဦး ၊ ပရိသတ်အချစ်တော် “ခမ်း” တစ်ခမ်းဖြစ်တဲ့ ရှာရွတ်ခမ်း ကတော့ လေးနှစ်အကြာမှာ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ " Pathaan " ဇာတ်ကားနဲ့ အတူ ပရိသတ်ရှေ့မှောက်ကိုထွက်ရှိလာခဲ့ပြီး အဆိုပါ ဇာတ်ကား ဟာ အတော်လေးတိုက်ခိုက်ခံခဲ့ရပေမယ့် အဲ့ကြားကနေပဲ အောင်မြင်မှုတွေဆက်တိုက်ဆိုသလို ရရှိလာခဲ့ပါတယ်။ ရှာရွတ်ခမ်း ရဲ့ " Pathaan " ဟာ ပိုစတာ စတင်ထွက်ရှိခဲ့ချိန်တည်းက ဇာတ်ကားနာမည်က မွတ်စ်စလင်မျိုးနွယ်စု နာမည်ဖြစ်တာကြောင့် ဒီဇာတ်ကားကို ကျဉ်ဖို့ ၊ မကြည့်ဖို့ ဝိုင်းတိုက်ခိုက်သူတွေ ဘယ်ကမှန်းမသိအောင်ကို ထွက်ပေါ်လာခဲ့ပါတယ်။

သို့ပေမယ့် " Pathaan " ရုပ်ရှင်ကတော့ ပရိသတ်အားပေးမှုအရ တစ်ဟုန်ထိုး ထိုးတက်ကာအောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ " Pathaan " ရုပ်ရှင် ဘာလို့ဒီလောက် အောင်မြင်ရတာလဲ လို့ သေချာအဖြေရှာကြတဲ့အခါ ပရိသတ်က ရှာရွတ်ခမ်း အပေါ် တကယ်ဖြူစင်တဲ့ မေတ္တာနဲ့ချစ်ကြလို့ပါပဲ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် " Pathaan " မထွက်ခင် တစ်နှစ်အလိုမှာ ရှာရွတ်ခမ်း ရဲ့ သားဖြစ်သူကိုဆေးမှု နဲ့ အမှုဆင်ပြီး ငွေညှစ်အရှက်ခွဲဖို့ ကြံစည်ခဲ့ကြသလို " Pathaan " ပိုစတာ ထွက်လာစဉ်ကလည်း ရုပ်ရှင်နာမည်ကို သဘောမတွေ့ကြလို့ ရုပ်ရှင်နာမည် ပြောင်းရင်ပြောင်း ၊ မပြောင်းရင် မကြည့်ဘူးဆိုတဲ့ ခြိမ်းခြောက်မှုအသေးစားက အစ ရှာရွတ်ခမ်း ကို မီးရှို့မယ်ဖြစ်ကြောင်း ၊ အာဏာရပါတီဝန်ကြီးနဲ့အမတ်တွေအားလုံးကအစ ရုပ်ရှင်ကိုပိတ်ပင်မယ် ဆိုတဲ့ အကြီးစားခြိမ်းခြောက်မှုတွေနဲ့အတူ ဖိအားပေးတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါတင်သာမက နောက်ပိုင်းမှာဆိုရင် လူရမ်းကားတွေကိုလွှတ်ပြီး " Pathaan " ရုပ်ရှင်ပိုစတာတွေကို ရုပ်ရှင်ရုံတွေကနေ ရိုက်ချိုးပြီး " Pathaan " ရုံတင်ရင် ရုံကိုမီးရှို့မယ်လို့ ခြိမ်းခြောက်လှုပ်ရှားမှုတွေလုပ်ခဲ့ကြတာကြောင့် ရှာရွတ်ခမ်း ကို အားပေးကြတဲ့ အသက်အရွယ် အပိုင်းအခြားတိုင်းက ပရိသတ် တွေက ရှာရွတ်ခမ်း ရဲ့ မတရားအနိုင်ကျင့်ခံရမှုကို ဖျက်ဆီးပစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရုံမှာသွား အားပေးရမယ်လို့ ဆုံးဖြတ်ပြီး လက်မှတ်တွေဝယ်ကာ ရုံမှာသွားကြည့်ကြရာကနေ အခုလိုစံချိန်အားလုံးချိုးနိုင်ခဲ့ပြီး ကုဋေ(၆၀၀) အထိရရှိလာနိုင်တာဖြစ်ပါတယ်။ ရှာရွတ်ခမ်း ရဲ့ " Pathaan " ဇာတ်ကား က ဘယ်လောက်အထိ အောင်မြင်မှု ရရှိလာမလဲဆိုတာကိုတော့ စိတ်အံ့အားသင့်ဖွယ်စောင့်ကြည့်နေရပြီဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။