တောင်ကိုရီးယားမင်းသား So Ji-sub ဟာဆိုရင် ၁၈၃ စင်တီမီတာအရပ်ရှိပြီး သန်မာတဲ့ ပခုံးတွေကို ပိုင်ဆိုင်ထားတဲ့ ပရော်ဖက်ရှင်နယ် ရေကူးသမားတစ်ယောက်ဖြစ်ပါတယ်။ လှပကျယ်ပြန့်တဲ့ ပခုံးတွေကြောင့်ပဲ So Ji-sub ဟာ အနောက်တိုင်းဝတ်စုံတွေနဲ့အရမ်းလိုက်ဖက်ပါတယ်။So Ji-sub က ကလေးဘဝကတည်းက ရေကူးသမားအဖြစ် လုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။
![](https://s9.kh1.co/46/469f4d1361e7ed1d6ab41f51597913b6c27b4ef2.jpg)
So Ji-sub သာ ရေကူးကစားတာကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့မယ်ဆိုရင် တကယ့်ကို နိုင်ငံနဲ့ချီပြီး အောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း ကံတရားက So Ji-sub ကို မင်းသားတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။
![](https://s9.kh1.co/20/201a04efba3f84ace6c1dcc3dd465f6074236099.jpg)
So Ji-sub ဟာ ရေကူးသမားတစ်ယောက်ဖြစ်လာဖို့အတွက် လိုအပ်တဲ့ငွေကြေးကိုရှာဖွေဖို့ မော်ဒယ်အလုပ် လုပ်ခဲ့ရပါတယ်။ So Ji-sub ဟာ မော်ဒယ်အလုပ်နဲ့ ရေကူးခြင်းအလုပ်မှာ သူအရမ်း ကြိုက်နှစ်သတ်ရတဲ့ ရေကူးခြင်းကို စွန့်လွှတ်ခဲ့ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။So Ji-sub ပထမဦးဆုံး သရုပ်ဆောင် အလုပ်လုပ်ခဲ့တဲ့ sitcom ဇာတ်လမ်းတွဲက “Three Guys and Three Girls” ဖြစ်ပါတယ်။
![](https://s9.kh1.co/6f/6f21ca81087b67749f0dd801bc4225d8326707c2.png)
ရေကူးကစားသမားအဖြစ်ကနေ သရုပ်ဆောင် တစ်ယောက်ဖြစ်လာတဲ့ So Ji-sub ဟာ “Something Happened in Bali” and “I’m Sorry, I Love You” ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ ရရှိလာပြီး ထိပ်တန်း မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။So Ji-sub ဟာ ကျရာ ဇာတ်ကောင်မျိုးစုံမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပြီး ဇာတ်လိုက်ပိုင်းရော ဗီလိန်ပိုင်းရောမှာ ကျွမ်းကျင်တဲ့ မင်းသားကြီးဖြစ်ပါတယ်။
![](https://s9.kh1.co/1f/1fc422113b05f91196b53c6f07157641b3d6ec9a.webp)
So Ji-sub က လက်ရှိမှာ အသက် ၄၄ နှစ်ရှိနေပြီဖြစ်ပေယ့် ချောမောခန့်ညားနေတုန်းပဲ ဖြစ်ပါတယ်။ တန်ဖိုးထားရတဲ့ ရေကူးအားကစားကို စွန့်ပြီး မင်းသားအဖြစ်အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ မင်းသားကြီး So Ji-sub ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
![](https://s9.kh1.co/80/8003d286b1addd5e1636482999a4796439c39775.png)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။