BTS အဖွဲ့ရဲ့ J-Hope ဟာ IU ရဲ့ YouTube ရှိုးမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။ “IU's Palette J-Hope In The Palette (With J-Hope) Ep.14” လို့နာမည်ပေးထားတဲ့ ဗီဒီယိုကို IU ရဲ့တရားဝင် YouTube ချန်နယ်မှာ လွှင့်တင်ခဲ့ပါတယ်။IU ကသူ့ရှိုးမှာပါဝင်လာတဲ့ J-Hope ကို ကြိုဆိုလိုက်ပြီး “ဒီနေ့ပွဲမှာ ဘယ်သူလာမယ်ဆိုတာ ကြားလိုက်ရတော့ အံ့သြသွားတယ်။

ဒါပထမဆုံးအကြိမ် သူနဲ့စကားပြောရတာ။ ဒါကြောင့် ဒီနေ့ရဲ့ 14th Palette ဟာ ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။” လို့ပြောခဲ့ပါတယ်။IU က BTS ရဲ့ ပထမဆုံး soloist အဖြစ် J-Hope ကို ဂုဏ်ပြုခဲ့ပါတယ်။ သူမက “ဒါက ငါတို့ရဲ့ ပထမဆုံး စကားပြောဆိုမှု ဖြစ်တဲ့အတွက် အသေးအမွှားလေးတွေနဲ့ စတင်ပြီး တူညီတဲ့အရာတွေကို ရှာတွေ့မယ်လို့ ထင်ပါတယ်။

” လို့ပြောခဲ့ပြီးIU က “ငါ တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့တာက မင်းအရက်သောက်ရင် မင်းရဲ့စိတ်ဖိစီးမှုတွေ လျော့ကျသွားလိမ့်မယ်” လို့ပြောခဲ့ပြီး J-Hope က “မှန်ပါတယ်။

မသောက်ခင်မှာ 'မူးရအောင်' လို့ စိတ်အားထက်ပေမယ့် မူးလာတဲ့အခါ အားအင်တွေ ဆုံးရှုံးသွားတယ်သလိုခံစားရပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။ဒါကို IU က စာနာပြီး “ငါလည်း ဝမ်းမနည်းတဲ့အခါ မသောက်တတ်ဘူး၊

မူးတဲ့အခါ သိပ်ပြီးစကားမပြောတတ်ပါဘူး။”J-Hope က “ငါလည်းမူးရင် ထူးထူးခြားခြား ငြိမ်သက်သွားပါတယ်” လို့ ပြောခဲ့ပါတယ်။ J-Hope က အရက်သောက်တာကောင်းမယ်လို့ IU ကပြောတဲ့အခါ “ဟင့်အင်း ငါ အရက်နဲ့သိပ်မတဲ့ဘူး၊ အရမ်းမသောက်တတ်ဘူး" လို့ပြန်ပြီးဖြေခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။