ပျားတွေက အရောင်ဘယ်နှမျိုးလောက်ရှိတယ်လို့ ထင်လဲ။ လူအများကတော့ ပျားအားလုံးဟာ အဝါရောင်နှင့် အညိုရောင် စတဲ့နှစ်မျိုးပဲ ရှိတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး ။ ပျားတွေထဲမှာ ကိုယ်ရောင်ကိုယ်ဝါ အလှပဆုံး ပျားမျိုးစိတ်ရှိပါသေးတယ်။


အဲ့ဒါကတော့ ဩစတြေးလျမှာတွေ့ရတဲ့ ပျားတွေဖြစ်ပါတယ်။ ဩစတြေးလျပျားတွေဟာ အပြာရောင်ဖြစ်ပြီး အခြားပျားတွေထက် ထူးခြားစွာ လှပကြပါတယ်။ ဒီပျားတွေဟာ အထီးကျန်မျိုးစိတ်တစ်ခုဖြစ်ပြီး အစွန်းအထင်းများ၊ ကျောက်ဆောင်များပေါ် (သို့မဟုတ်) မြေကြီးပေါ်မှာ အပေါက်ငယ်များလုပ်ဆောင်လုပ်ပြီး ဝတ်မှုန်ကူးကာ ရှင်သန်ကြတာ ဖြစ်ပါတယ်။


အရွယ်ရောက်ပြီးသား ဩစတြေးလျပျားတစ်ကောင်ဆိုရင် ၁၀ မီလီမီတာမှ ၁၂ မီလီမီတာကြားအထိရှိပါတယ်။ အထီးတွေမှာ အပြာရောင်အစင်းငါးစင်းရှိပြီး အမများမှာ အစင်းလေးစင်းသာ ရှိတာကြောင့် ခွဲခြားရတာ လွယ်ကူပါတယ်။ သူတို့က အခြားပျားတွေလို ခိုက်ရန်ရှိပေမယ့် ရန်လိုခြင်းတော့ မရှိကြပါဘူး။


သတင်းအရင်းမြစ်: Source- this is a blue striped Australian bee
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။