Black Flying-fox ဟာ သြစတြေးလျမှာ အကြီးဆုံး ပျံသန်းနိုင်တဲ့ မြေခွေးမျိုးစိတ်ဖြစ်ပါတယ်။ သူတို့ဟာ တစ်နာရီကို ၃၅ မှ ၄၀ ကီလိုမီတာ နှုန်းနဲ့ ပျံသန်းနိုင်ပြီး သူတို့ရဲ့ နေထိုင်ရာကနေ ကီလိုမီတာ ၅၀ ကျော်ထိ ကျက်စားရာနေရာကို သွားလာနိုင်ပါတယ်။ သူတို့ရဲ့ နေထိုင်ရာကို အခြားလင်းနို့မျိုးစိတ်တွေနဲ့ မကြာခဏ မျှဝေလေ့ရှိပါတယ်။

အမွှေးတွေဟာ အနက်ရောင် ဖြစ်ပေမယ့်လည်း တစ်ခါတစ်ရံမှာ နီညိုရောင် သို့မဟုတ် အဝါရောင်လည်း ရှိနိုင်ပါတယ်။ သူတို့ရဲ့ အလေးချိန်ဟာ 500 ကနေ 1000 ဂရမ်အထိရှိတဲ့ လင်းနို့တစ်ကောင်ဖြစ်ပြီးလက်ဖျံအရှည်ကတော့ 19 စင်တီမီတာအထိရှိပါတယ်။

မြောက်ပိုင်းနှင့် ဩစတေးလျအရှေ့ပိုင်းရှိ အပူပိုင်းဒေသနဲ့ သစ်တောများ၊ မြစ်ကမ်းစပ်ရှိ ဒီရေတောများ၊ ခေါက်သစ်တောများ၊ ယူကလစ်သစ်တောများနဲ့ မိုးသစ်တောတွေမှာ နေထိုင်တတ်ကြပါတယ်။

Black Flying-fox ဟာ နေ့ဘက်မှာ သစ်ပင်ရဲ့ အမြင့်မှာ နေထိုင်တတ်ကြတဲ့မျိုးစိတ်ဖြစ်ပါတယ်။ နေဝင်ရီတရောအချိန်မှာ သူတို့ဟာ ပန်းပွင့်တွေနဲ့ အသီးအနှံတွေကို စားသုံးဖို့ ထွက်ခွာကြပြီး မိုးလင်းမှ ပြန်လာတတ်ပါတယ်။

သတင်းအရင်းမြစ်: australian.museum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။