တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် Katy Louise Saunders နဲ့ သူ့ရဲ့ မင်္ဂလာသတင်းကို ကြေညာခဲ့ပါတယ်။ နာမည်ကြီး ရှေ့ဖြစ်ဟောသူကြီး Lee Seok Ho ရဲ့ ဟောပြောချက်တစ်ခုဟာဆိုရင် ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ Lee Seok Ho က တစ်ချိန်တစ်ခါက နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ စုံတွဲရဲ့ ကံကြမ္မာကို ဟောပြောခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ Lee Seok Ho က သူတို့ နှစ်ဦး လက်ထပ်မယ့် အချိန်ကို သေသေချာချာလေး တွက်ချက်ခဲ့ပြီး နှစ်ဉီးရဲ့ ကံကြမ္မာကို ပြောခဲ့တာဖြစ်ပါတယ်။

Song Hye Kyo ရဲ့ ကံကြမ္မာက ယောကျာ်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေရမယ့် ကံကြမ္မာမျိုး မဟုတ်ကြောင်း ၊ Song Hye Kyo အနေနဲ့ အိမ်ထောင် နှစ်ဆက် ကျကိန်းရှိတယ်လို့ မြင်တွေ့ရကြောင်း ၊ Song Hye Kyo ရဲ့ ပထမ အိမ်ထောင်က အပျက်ကိန်းကျနိုင်ကြောင်း ဆိုခဲ့ပါတယ်။

ဒါ အပြင် Song Joong Ki ရဲ့ ဘဝ ထဲကို ၂၀၂၀ ခုနှစ်မှာ အမျိုးသမီးတစ်ယောက် ထပ်ရောက်လာမှာဖြစ်ကြောင်း လို့လည်း ဟောခဲ့ပါတယ်။ Song Joong Ki နဲ့ Katy က ၃ နှစ်ကြာ တွဲနေပြီဖြစ်တာကြောင့် အဆိုပါ ဟောကြားချက်ကိုလည်း မှန်ကန်တယ်လို့ ပြောနေကြပါတယ်။


Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ အကြောင်းကို လက်မထပ်ခင်ကတည်းက ဟောပြောဖူးခဲ့တဲ့ တောင်ကိုရီးယားမင်းသား Song Joong Ki ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။