ရှာရွတ်ခမ်း ၊ ဒီပီကား ၊ ဂျွန်တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး သိပ်မကြာခင် ရက်ပိုင်း က ရုံတင်ပြသခဲ့တဲ့ “ Pathaan “ ဇာတ်ကားကြီး ဟာ ရုံတင်ပြီး (၅) ရက်အတွင်းမှာတင် ရူပီး (၃၀၀) ကုဋေကျော် အထိ ရရှိခဲ့တဲ့အထိကို ပရိသတ်အားပေးမှုကို သောင်းသောင်းဖြဖြ ဝက်ဝက်ကွဲ ရရှိခဲ့တဲ့ ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ်။

Photo Credit From Original Uploader

ဒီဇာတ်ကားကြီးဟာ ရှာရွတ်ခမ်း အတွက် လူမှုရေးပြဿနာပေါင်းစုံ ဖြစ်ပွားအပြီး (၄) နှစ်ကြာမှ ပြန်လည်ရိုက်ကူးခဲ့တဲ့အပြင် ရှာရွတ်ခမ်း ကို တိုက်ခိုက်သူ‌တွေအကြား မနည်းကြိုးစားပွဲထွက်လာရတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်တယ် လို့ သိရပြီး ရုပ်ရှင် ထွက်ရှိလာတဲ့အခါမှာလည်း တိုက်ခိုက်မှုပေါင်းများစွာနဲ့ ကြုံတွေ့ရတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေက အောင်မြင်မယ်လို့တောင် မထင်ခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။

Photo Credit From Original Uploader

သို့ပေမယ့်လည်း ပရိသတ်က ရှာရွတ်ခမ်း အတွက် ကြိုးစားကာဝန်းရံပေးခဲ့တာကြောင့် ရှာရွတ်ခမ်း က ပရိသတ်ကို ကျေးဇူးအထူးတင်ရှိတဲ့အပြင် သူ့ကိုအမြဲ အားပေးဝန်းရံကြတာကို အံ့အားသင့်ရကြောင်း ၊ သူ့အနေနဲ့ အင်မတန် ကျေးဇူးတင်ရကြောင်း ပြောကြားကာ မျက်ရည် ဝဲခဲ့တယ် လို့ သိရပါတယ်။ ရှာရွတ်ခမ်း ရဲ့ ဇာတ်ကားကြီးဟာ ဘယ်လောက်အထိအောင်မြင်မှုကို စွတ်ခူးရရှိနိုင်မလဲဆိုတာကတော့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။