တောင်ကိုရီးယားနာမည်ကြီး မင်းသား ဆောင်းဂျွန်ကီဟာ မကြာသေးမီက ချစ်သူဖြစ်တဲ့ Katy နဲ့လက်ထပ်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီး အံ့အားသင့်စေခဲ့ပါတယ်။ထပ်မံပြီး ချစ်သူဟာ သူ့ရဲ့ ရင်သွေးလေးကိုပါလွယ်ထားရပြီ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
![](https://s9.kh1.co/f3/f3ac53152f2e1c94b3ec573a3d0f4df280b0f96d.jpg)
ကိုယ်ဝန်ဟာ (၃) လ ခန့်ရှိနေပြီဖြစ်ပြီး သားသားလေးလား၊မီးမီးလေးလား သိရဖို့အချိန်မတန်သေးပေမယ့် ပရိသတ်တွေအနေနဲ့ ရင်ခုန်စွာသိချင်နေခဲ့ကြတာ ဖြစ်ပါတယ်။ဒါပေမယ့် မကြာသေးခင်ကတော့ ဆောင်းဂျွန်ကီရဲ့ ဇနီးလေးဟာ ကလေးအတွက် အဝတ်အစား ထွက်ဝယ်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
![](https://s9.kh1.co/bd/bd2d6bd537e12c4c14e17b3024f4f38f33336e59.jpg)
ဆောင်းဂျွန်ကီရဲ့ ဇနီးအသစ်လေးဟာ ဆိုးလ်မှာရှိတဲ့ နာမည်ကြီးဆိုင်တစ်ဆိုင်ကို စျေးဝယ်ထွက်ခဲ့တာ ဖြစ်ပြီး ထိုဆိုင်ဟာ ဥရောပအဝတ်အစားတွေနဲ့ ပက်သက်ပြီး နာမည်ကြီးတဲ့ဆိုင် ဖြစ်ပါတယ်။ထိုဆိုင်မှာ တန်ဖိုးကြီး ယောကျာ်းလေးဝတ်၊မိန်းကလေးဝတ်တွေကို ရရှိနိုင်ပေမယ့် Katy ဟာ မိန်းကလေး ကလေးဝတ်တွေကို ရွေးဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
![](https://s9.kh1.co/24/247e73a1b33f31c4f7bc4466cf4d1e5718b1e2cd.jpg)
ထိုကဲ့သို့ ဝယ်ယူခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ သူတို့နှစ်ယောက်ရဲ့ ကလေးဟာ မိန်းကလေးဖြစ်မယ်လို့ ထင်ကြေးပေးနေကြသလို တကယ်လို့မိန်းကလေးသာ ဖြစ်ရင် ဇနီးဖြစ်သူ Katy လို လှပမယ်လို့ လည်း ပြောဆိုမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
![](https://s9.kh1.co/c0/c02bfa4e9b154a7d8eaa3ecb8a162a469c38acfc.jpg)
Photos: Credit
သတင်းအရင်းမြစ်: Kbizoom
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။