အသံပါဝါကောင်းကောင်း ကို ပိုင်ဆိုင်ထားသူ ၊ ငယ်စဉ် ဘဝတည်း က သီချင်းတွေဖန်တီးကာ အနုပညာတွေကို အဆက်မပြတ်ဆိုသလို လုပ်ဆောင်ခဲ့သူ Miley Cyrus ဟာ အနုပညာလှုပ်ရှားမှုကို အချိန်အတော်ကြာရပ်နားထားခဲ့ပြီး ဇန်နဝါရီ (၁၃)ရက်နေ့ကမှ သီချင်းအသစ် ပြန်လည်ထွက်ရှိလာခဲ့ပါတယ်။ Miley ရဲ့ comeback single ဖြစ်တဲ့ “Flowers” သီချင်း ဟာ အရမ်းကို ပွေလီ ရှုပ်ပွေလွန်းတဲ့ အမျိုးသားဟောင်း Liam Hemsworth အတွက် ရေးသားထားတာဖြစ်ပါတယ်။


Miley ဟာ အဆိုပါ သီချင်း ကို သူမရဲ့ ယောကျာ်းဟောင်း Liam ရဲ့ အသက်(၃၃) နှစ်ပြည့်မွေးနေ့မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ “ Flowers ”သီချင်း အတွက် music video ထဲမှာ Miley က အိမ်ကြီးတစ်ခုထဲ သူမတစ်ယောက်တည်း သူမ daily activities တွေ လုပ်ဆောင်ရင်း တစ်ယောက်တည်းနေရတာကိ, ပိုမိုကြိုက်နှစ်သက်လွန်းတာကြောင့် ပျော်ပါးကခုန်နေတဲ့ပုံစံကို ဖော်ကျူးကာ သူမ အနေနဲ့ Liam ကို မလိုအပ်ဘူးဆိုတဲ့ပုံစံပေါ်အောင် ရိုက်ကူးထားတာဖြစ်ပါတယ်။


အဲ့သလို ထိထိမိမိ ရေးသားထားတဲ့ “ Flowers ” သီချင်းဟာ ထွက်ရှိပြီး (၂)ပတ်မြောက်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Billboard Hot 100 ရဲ့ နံပါတ်(၁) နေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ Miley က “ မင်းတို့အတွက် သီချင်းအသစ်တွေ ဆက်လုပ်ဖို့လည်း စိတ်ကျေနပ်ပြီး ပျော်ရွှင်ရပါတယ်၊ ငါ့ရဲ့မယုံနိုင်လောက်အောင် အားပေးကြတဲ့ပရိတ်သတ်တွေကပဲ ဒီလိုအောင်မြင်မှုတွေရရှိအောင်လုပ်ပေးနိုင်တာပါ၊ အဆုံးအစမရှိကို ကျေးဇူးအများကြီးတင်ပါတယ်နော် “ လို့ ဖော်ပြလာခဲ့ပါသေးတယ်။ Move On လုပ်လာနိုင်တဲ့ Miley အတွက်တော့ တကယ်ကို ဂုဏ်ယူမဆုံးဖြစ်ရကြောင်းကိုဖော်ပြရင်း အခုလို နံပါတ်(၁) နေရာမှာရပ်တည်နေမှုကြီးကို ဂုဏ်ပြုလိုက်ရပါတယ်။



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။