Boys Over Flowers နဲ့ ပရိသတ်အားပေးမှုပိုရခဲ့တဲ့ မင်းသမီး Koo Hye Sun ဟာ အောင်မြင်တဲ့ သရုပ်ဆောင်ဘဝကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် သူမဟာ ပွဲဦးထွက်ခါစက အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မကြာသေးမီက Koo Hye Sun ဟာ  သူမရဲ့တက္ကသိုလ်-Sungkyunkwan University မှာ မိန့်ခွန်းပြောကြားခဲ့ပြီး သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ တစ်ယောက်အနေနဲ့ သူ့မရဲ့  အနုပညာခရီးစဉ်အကြောင်းကို ပြောပြခဲ့ပါတယ်။

Koo Hye Sun က "ကျွန်မအဆင်သင့်မဖြစ်သေးချိန်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ ကျွန်မရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို မလေ့ကျင့်ရသေးပါဘူး၊ သိတဲ့အတိုင်းပဲ အရင်တုန်းက ကျွန်မဒရမ်မာတွေရဲ့ ပြကွက်တော်တော်များများဟာ အွန်လိုင်းမှာ memes အဖြစ် ပြောင်းလဲသွားခဲ့ပြီး လူတိုင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ လူတော်တော်များများက ကျွန်မကို လှောင်ပြောင်ခဲ့ကြပါတယ်။" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး Koo Hye Sun က “ကျွန်မလည်း ဒီလိုအဆက်မပြတ် ဝေဖန်ခံခဲ့ရတာကြောင့် ကိုယ့်ကိုကိုယ်ပြန်ဆဲ မိရုံသာမကပဲ ကိုယ့်ကိုကိုယ်သတ်သေဖို့အထိတောင် တွေးခဲ့ဖူးပါတယ်။အဲ့လိုတွေခံစားရတာ များလာတော့ အားကစားတွေလုပ်ရင်း အချိန်ဖြုန်းခဲ့ပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားခဲ့ပါတယ် လို့ သူမရဲ့ အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။

Koo Hye Sun ဟာ 2002 ခုနှစ်မှာ ကွန်ပျူတာတွေအတွက် စီးပွားရေးဖြစ်မော်ဒယ်အဖြစ် ပွဲဦးထွက်ခဲ့ပြီး 2004 ခုနှစ်မှာ MBC ရဲ့ sitcom 'Nonstop 5' မှာ ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ မင်းသမီးဟာ 2009 ခုနှစ်မှာ KBS ရဲ့ဒရာမာ 'Boys over Flowers' မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာကျော်ခဲ့ပါတယ်။

 Photos: Credit

သတင်းအရင်းမြစ်: SBS Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။