လင်းတငှက်တွေနှင့် တူတဲ့ ကွန်ဒိုငှက်တွေဟာ မြောက်အမေရိကရှိ စိတ်ဝင်စားစရာ အကောင်းဆုံးငှက်မျိုးစိတ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ ဒီမျိုးစိတ်က လင်းတရဲ့ မျိုးနွယ်စုနှင့် ဆက်စပ်မှုရှိပြီး မျိုးစိတ်ပေါင်း ၂ မျိုးလောက်ရှိပါတယ်။

Photo Credit – From Google
Photo Credit – From Google

အရှင်းဆုံးပြောရရင်တော့ လင်းတငှက်မျိုးစိတ်ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ လေ့လာချက်တွေအရ သူတို့ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ပျံသန်းနိုင်တဲ့ ငှက်မျိုးပါ။ ဘယ်လောက်ထိ ပျံသန်းနိုင်လဲဆိုရင် အတောင်ပံအခတ်ပဲနဲ့တောင် မိုင် ၁၀၀ လောက်အထိ ပျံသန်းနိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

အရွယ်အစားကို ကြည့်ရင်လည်း တော်တော်လေးကြီးတဲ့ အထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။ ကွန်ဒိုအမတစ်ကောင်ဆိုရင် အလေးချိန်က ပေါင် ၂၅ ဝန်းကျင်ရှိပြီး အထီးများဟာ ပေါင် ၂၈ အထိရှိကြပါတယ်။ ဒါ့အပြင် အတောင်ပံဟာ ၁၀ ပေကျော်လောက်အထိ ကြီးထွားနိုင်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ရတဲ့ ကွန်ဒိုအရွယ်အစားကတော့ Andean ကွန်ဒိုထက် အနည်းငယ်သေးငယ်ပြီး ပျမ်းမျှအားဖြင့် ၁၈ -၂၀ ပေါင်ရှိပေမယ့် အချို့အကောင်တွေက ပေါင် ၃၀ လောက်ရှိကြပါတယ်။

Photo Credit – From Google

လင်းတတွေရဲ့ မျိုးရိုးပီသတဲ့အတိုင်း ကွန်ဒိုငှက်တွေကလည်း ကျွဲနွားနှင့် အခြားတိရစ္ဆာန်ရဲ့ အသေကောင်တွေကို စားကြတဲ့အပြင် ကမ်းခြေရှိငါးများနှင့် ပင်လယ်သတ္တဝါများကို စားလေ့ရှိပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - a-z-animals

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။