Song Joong Ki ကတော့ သူ့ရဲ့ နောက်အိမ်ထောင်ပြုမယ့်အကြောင်းနဲ့ လက်မထပ်ခင် ကိုယ်ဝန်ရှိနေတယ်လို့ သတင်းတွေကို ထုတ်ပြန်ခဲ့သော်လည်း သူရဲ့ မိဘတွေကတော့ ဘာမှဝင်မပြောဘဲ တိတ်ဆိတ်နေခဲ့ပါတယ်။

Sports Seoul က Song Joong Ki ရဲ့ မိဘတွေကို ဇန်နဝါရီ 30 ရက်မှာ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ Song Joong Ki ရဲ့ ဖခင်ဖြစ်သူက မီဒီယာသတင်းထောက်က အင်တာဗျူးချင်လိုပါလို့ ဆက်သွယ်တဲ့အခါမှာလည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့တယ်လို့ ဆိုပါတယ်။

Song Joong Ki ကတော့ သူမရဲ့ fan cafe မှာ အံ့အားသင့်ဖွယ် လက်ထပ်သတင်းကို လွှင့်တင်ခဲ့ပါတယ်။ သူက “ကျွန်တော်ရဲ့ အနာဂတ်ဘဝကို Katy Louise Saunders နဲ့ မျှဝေပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အဖိုးတန်တဲ့ အသက်တစ်ခုကလည်း  ကျွန်တော်တို့ဆီကို ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ နက်နဲ့တဲ့ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို အခြေခံပြီး နှစ်ယောက်အတူ ဘဝအသစ်စတင်ဖို့အတွက် လက်ထပ်မှတ်ပုံတင်လည်း တင်လိုက်ပြီပဲ ဖြစ်ပါတယ်။ “

ဒီအကြောင်းနဲ့ပတ်သက်ပြီး Song Joong Ki ရဲ့အေဂျင်စီဖြစ်တဲ့ HighZium Studio က “Song Joong Ki က Katy နဲ့ လက်ထပ်ဖို့ စာရင်းသွင်းခဲ့တာတော့ အမှန်ပါပဲ။ နှစ်ယောက်သား မင်္ဂလာပွဲကျင်းပဖို့လည်း စီစဉ်နေပါတယ်။ ဒါပေမယ့် အတိအကျ အချိန်ဇယားတော့ မသတ်မှတ်ရသေးဘူး။”လို့ပြောပြခဲ့ပါတယ်။

Song Joong Ki က ၂၀၁၇ ခုနှစ်တုန်းက “Descendants of the Sun” ဒရာမာမှာ သူနဲ့အတူတွဲသရုပ်ဆောင်တဲ့ တွဲဖက်သရုပ်ဆောင် Song Hye Kyo နဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် တစ်နှစ်နဲ့ ၉ လခန့်အကြာမှာ လမ်းခွဲခဲ့ကြပါတယ်။

ကွာရှင်းပြီးနောက် Song Joong Ki သည် Katy Lewis Saunders နှင့် 2021 ခုနှစ်တွင် အသိမိတ်ဆွေတစ်ဦးမှတွေ့ဆုံခဲ့ပြီး တွဲခဲ့ကြပါတယ်။ Katy သည် 1984 ခုနှစ်တွင်မွေးဖွားခဲ့ပြီး Song Joong Ki  ထက်တစ်နှစ်ပိုကြီးပါတယ်။ Katy က အရင်တုန်းက ဗြိတိန်မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ ရုပ်ရှင် “A Scandalous Journey” နဲ့  ပွဲဦးထွက်ထွက်ခဲ့ပြီး ရုပ်ရှင်နဲ့ တီဗီစီးရီးတွေမှာ ပါဝင်ခဲ့ပါတယ်။

သတင်းအရင်းမြစ်: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။