ဘောလိဝုဒ်လောက ရဲ့ အကျော်အမော် ဖြစ်သူ ၊ သရုပ်ဆောင်ကောင်းလွန်းပြီး ပီပြင်ပိုင်နိုင်တာကြောင့် ပရိသတ်ရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားသူ ၊ အသက်အရွယ်တစ်ခုအထိ တည်ငြိမ်ကျော့ရှင်းတဲ့ အလှအပကို ထိန်းသိမ်းထားနိုင်သူကတော့ အားလုံးကချစ်ကြရတဲ့ ဘောလိဝုဒ်ကြယ်ပွင့် ပရီရန်ကာ ချိုပရာ ပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader

အသက်(၁၀)နှစ်ကွာဟမှုရှိပြီး တစ်ဦးအပေါ်တစ်ဦး အရမ်းကို ချစ်ခင်ကြင်နာမှုနဲ့ ပြည့်စုံလွန်းတဲ့ စုံတွဲလို့ နာမည်ကြီးတဲ့ နစ်ခ်ဂျိုးနတ်စ် နဲ့ ပရီရန်ကာချိုပရာ တို့ စုံတွဲ ဟာ အငှားကိုယ်ဝန် နဲ့ ကလေးယူခဲ့တာဖြစ်ပြီး  ဇန်နဝါရီ(၁၅)ရက်နေ့က မွေးဖွားခဲ့တဲ့ သူတို့သမီးလေးနာမည်ကတော့ မာလ်တီမယ်ရီချိုပရာဂျိုးနတ်စ် လို့အမည်တွင်တာဖြစ်ပြီး မယ်ရီဂျိုးနတ်စ်လို့ နာမည်ကျော်လာမယ်လို့ ပရိတ်သတ်တွေကခန့်မှန်းခဲ့ကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အမေရိကန်နိုင်ငံ ၊ လော့စ်အိန်ဂျလိစ် မှာတည်ရှိပြီး ဟောလိဝုဒ်ကကမ္ဘာကျော် အနုပညာရှင်တွေရဲ့ နာမည်နဲ့ ကြယ်ပွင့်တွေ ထည့်သွင်းဖော်ပြလေ့ရှိတဲ့ Walk Of Fame မှာ မနေ့က နစ်ခ် တို့ ညီအကို (၃)ယောက်

ဖြစ်တဲ့ Jonas Brother ကို ထည့်သွင်းဖော်ပြတဲ့ အခမ်းအနားပြုလုပ်ကျင်းပခဲ့ရာ အဆိုပါပွဲကို ပရိသတ်အချစ်တော် ပရီရန်ကာ ဟာ သူမရဲ့ သမီးလေး နဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။ ပရီရန်ကာ က သူမရဲ့သမီးပုံတွေကို တရားဝင်ချမပြပေမယ့်လည်း မီဒီယာတွေရဲ့လက်ချက်ကြောင့် ပရီရန်ကာ ရဲ့ သမီးဖြစ်သူ မယ်ရီ ပုံတွေဟာ ပြန့်နှံ့လာခဲ့ပါတယ်။ ပရိသတ်ကြီးလည်း မယ်ရီဂျိုးနပ်စ်ရဲ့ ပုံရိပ်တွေကို ကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။