တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် ဇနီးအသစ်လေးနဲ့ ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲတစ်ခုထပ်မံ ကျင်းပသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

Song Joong Ki နဲ့ Katy Louise Saunders တို့က မကြာသေးမီက မင်္ဂလာလက်မှတ်ထိုးခဲ့ကြပြီဖြစ်ပြီး ကြီးကျယ်တဲ့ မင်္ဂလာပွဲ တစ်ခု လုပ်ဖို့ ရှိတယ်လို့လည်း အေဂျင်စီဘက်က ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းက Song Joong Ki ရဲ့ အေဂျင်စီဖြစ်တဲ့ HighZium Studio ဘက်ကနေ Song Joong Ki က Katy နဲ့ လက်ထပ် လက်မှတ်ရေးထိုးပြီးသွားပြီ ဖြစ်ကြောင်း ၊ မင်္ဂလာပွဲကိုလည်း သေချာ အခမ်းအနားနဲ့ကျင်းပသွားမှာ ဖြစ်ကြောင်း ၊ ရက်စွဲ အတိအကျကိုတော့ ထပ်မံ ကြေညာပေးမည်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Song Joong Ki ဘက်ကလည်း သူ့ရဲ့ official fancafe ကနေပြီး ကောင်မလေးနဲ့ လက်ထပ်တော့မယ်ဖြစ်ကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။

Song Joong Ki က ၂၀၀၈ ခုနှစ်မှာ A Frozen Flower ဇာတ်လမ်းနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး ဇာတ်လမ်းပေါင်းများစွာနဲ့ အောင်မြင်မှုတွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ Song Joong Ki က မင်းသမီး Song Hye Kyo နဲ့လက်ထပ်ခဲ့ပြီး ၁ နှစ်နဲ့ ၉ လတိတိမှာ ကွာရှင်းခဲ့ပါတယ်။ လက်ရှိမှာတော့ Song Joong Ki က နောက်ထပ်အိမ်ထောင်ပြုဖို့အတွက် အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။