ပရိသတ်တွေရဲ့ အချစ်တော် မင်းသား Park Bo Gum ဟာ မကြာသေးခင်က The Black Label နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ထိုကဲ့သို့ မထင်ထားတဲ့ အေဂျင်စီနဲ့ စာချုပ်ထားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အံ့အားသင့်ခဲ့ပြီး ဘာကြောင့် The Black Label  နဲ့ စာချုပ်ချုပ်ခဲ့လဲ ဆိုတာ သိချင်နေခဲ့ကြတာ ဖြစ်ပါတယ်။

The Black Label ဟာ YG နဲ့ တွဲဖက်အေဂျင်စီတစ်ခုဖြစ်ပြီး  Taeyang ၊ Zion.T နဲ့ Jeon Somi တို့လို နာမည်ကြီး အဆိုတော်များစွာ ရှိတဲ့နေရာဖြစ်တာကလည်း Park Bo Gum ကို ဆွဲဆောင်နိုင်ခဲ့တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

ဒါပေမယ့် ထိုအရာတွေထက် Park Bo Gum ဘာကြောင့် The Black Label နဲ့ စာချုပ်ချုပ်ခဲ့လဲ ဆိုတဲ့ တိကျတဲ့အကြောင်းအရင်းတစ်ချက် ရှိပါတယ်။ဒါကတော့ YG ရဲ့ အမှုဆောင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Sean နဲ့ ဆက်ဆံရေးကြောင့် ဖြစ်ပါတယ်။

Park Bo Gum နဲ့  Sean တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး ပရိသတ်တွေကလည်း Park Bo Gum အခုလို စာချုပ်ချုပ်ဆိုခဲ့တာဟာ Sean  ရဲ့ ပါဝင်ပက်သက်မှုတွေကြောင့်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ Sean နဲ့ Park Bo Gum တို့ဟာ ဒီအတောအတွင်းမှာပဲ  မနက်စောစော မကြာခဏ အတူတူ ပြေးလွှားခဲ့ကြပြီး Park Bo Gum ဟာ Sean တက်ရောက်တဲ့ ဘုရားကျောင်းကို ပြောင်းရွှေ့ပြီး သူ့ရဲ့ဘာသာရေးကိုဆက်လက်လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။