ဘောလိဝုဒ်ရဲ့ ကြယ်ပွင့် ဖြစ်တဲ့ ရှာရွတ်ခမ်း ဟာ လေးနှစ်အကြာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီးနောက်မှာတော့ ပရိသတ် ရှေ့မှောက်သို့ Pathaan ဆိုတဲ့ အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အဆိုပါ ဇာတ်ကား ဟာ ပရိသတ်စိတ်ဝင်စားမှုရရှိနေပါတယ်။

Pathaan ဇာတ်ကားဟာ အိန္ဒိယသူလျှိုတစ်ဦးဟာ ၎င်းရဲ့ ဇာတိမြေကို ပစ်မှတ်ထားရန်ကြံစည်နေတဲ့ ရက်စက်ကြမ်းကြုတ်သော ကြေးစားလူဆိုးခေါင်းဆောင်ကို ဖမ်းခေါ်သွားတာကို အပီပြင်ဆုံး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘောလိဝုဒ်ကြယ်ပွင့်တွေဖြစ်တဲ့ Deepika Padukone နဲ့ John Abraham တို့ကလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

ရှာရွတ်ခမ်း ရဲ့ Pathaan ဇာတ်ကား ဟာ ကမ္ဘာတစ်ဝှမ်း က အားပေးမှုအရဆို ရူပီး (၃၀၀) ကုဋေ ရရှိပြီဖြစ်တယ် လို့ သိရပြီး အိန္ဒိယနိုင်ငံ မှာတော့ ရုံတင်ပြီး (၄)ရက်အတွင်း ရူပီး ကုဋေ (၂၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီ Pathaanဇာတ်ကား ဟာ လေးနှစ်ကျော်အတွင်း ရှာရွတ်ခမ်း ရဲ့ ပထမဆုံး ဇာတ်ကားလည်း ဖြစ်တာကြောင့် အခုဆိုရင် ရုံတင်မပြသခင်မှာတင်ကာလကလည်း လက်မှတ်ပေါင်း (၂)သိန်းခွဲ ခန့် ဟာ တိကနဲဆိုသလို ရောင်းချလို့ ကုန်သွားခဲ့တဲ့အထိကို အောင်မြင်ခဲ့တာမို့ အခုလိုဝင်ငွေပမာဏ ရရှိတယ်ဆိုတာ အံ့အားသင့်စရာမဖြစ်နေတာတော့ အမှန်ပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။