ယနေ့ခေတ်မှာ အဆန်းတကြယ် ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုတွေက နိုင်ငံတကာမှာပိုမို အထူးရေးပန်းစားလာကြတာ ဖြစ်ပါတယ်။ အချို့ဆိုရင် ဂြိုလ်သားတစ်ယောက်လို ခန္ဓာကိုယ်တစ်ခုလုံးကိုတောင် ပြုပြင် ပြောင်းလဲခဲ့တဲ့ သူလည်းရှိပါတယ်။

အဲ့သလို ပြုပြင်ပြောင်းလဲသူတွေထဲမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ၉၀ % လောက် ပြုပြင်မှုနဲ့အတူ အပေါက်များ ၂၀၀ ကျော်ဖောက်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်စာရင်းဝင်ခဲ့တဲ့ သူကတော့ အသက် ၆၂ အရွယ် Rolf Buchholz ပဲ ဖြစ်ပါတယ်။Rolf Buchholz ဟာ အသက် ၄၀ အရွယ်ထဲက ခန္ဓာကိုယ်ပြုပြင်မှု စတင်လုပ်ဆောင်ခဲ့တာပါ။ သူ့ လိင်အင်္ဂါ တစ်ခုတည်းမှာ အပေါက် ၂၇၈ ပေါက် အပါအ၀င် အနည်းဆုံး ခန္ဓာကိုယ် ပြုပြင်မွမ်းမံမှု ၅၁၆ ခု ရှိတယ်။

သူ့ရဲ့ နဖူးမှာ ချိုကြီးနှစ်ဖက်ကို တပ်ဆင်ဖန်တီးထားသလို မျက်လုံးများနှင့် လျှာနှစ်ခြမ်းကွဲအပါအဝင် ခန္ဓာကိုယ်ရဲ ၉၀ % လောက်ဟာ တက်တူးက နေရာယူထားတာ ဖြစ်ပါတယ်။သူ့ရဲ့ အဆန်းတကြယ် ပြုပြင်ပြောင်းလဲမှုကို လူတော်တော်များများက အံ့အားသင့်ခဲ့ကြပါတယ်။ Rolf ရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ လေဆိပ်များမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ။

မကြာသေးမီက ဒူဘိုင်းသို့ သွားရောက်တဲ့ ခရီးသွားစဉ်မှာ သူ့ရဲ့ သွင်ပြင်အနေထားကြောင့် ပြည်ဝင်ခွင့်ပိတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံး အမျိုးသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့တဲ့ သူ့ရဲ့ ဂုဏ်သတင်းကတော့ တစ်ကမ္ဘာလုံးကို ရောက်ရှိသွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။