အဆိုတော် J. Y. Park ဟာဆိုရင် ပထမဦးဆုံးအကြိမ်အဖြစ် စင်မြင့်ထက်မှာ သူ့ရဲ့သမီးနှစ်ယောက်ကို ဖော်ထုတ်ပြသပေးလာခဲ့ပါတယ်။

J. Y. Park က သူ့ရဲ့သမီးနှစ်ယောက်နဲ့အတူ စင်ပေါ်မှာ ဖျော်ဖြေခဲ့တဲ့ ပုံရိပ်လေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့က “#JYPkids First ever pleasant show stoppage” ဆိုတဲ့ စာသားလေးနဲ့ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

J. Y. Park က သူ့ရဲ့သမီးလေး နှစ်ယောက်ကို အရင်ကတည်းက လူသိရှင်ကြား ထုတ်ဖော်ဖူးခဲ့တဲ့ဖြစ်ပေမယ့် အခုလိုမျိုး စင်မြင့်ပေါ်မှာ အတူတူ သီချင်း သီဆိုခဲ့တာတော့ ပထမဦးဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။

သမီး နှစ်ယောက်နဲ့အတူ စင်မြင့်ထက်မှာ ပျော်ရွှင်နေတဲ့ J. Y. Park ရဲ့ အပြုံးတွေက ဖုန်းကွယ်လို့ မရခဲ့ဘဲ ဖခင်တစ်ယောက်ရဲ့ ပီတိကို အတိုင်းသား မြင်တွေ့နေရပါတယ်။ ပရိသတ်တွေကတော့ သူတို့ သားအဖလေးတွေကို ချစ်ဖို့ကောင်းလွန်းတယ်ဆိုပြီး မှတ်ချက်ပြုထားပါတယ်။

J. Y. Park က သူ့ရဲ့သမီးလေးတွေကို စင်မြင့်ထက်ပေါ်ခေါ်ပြီး သီချင်းဆိုခဲ့ပြီးနောက်မှာ သမီးလေးနှစ်ယောက်ကို စင်မြင့်အောက်ပြန်ပို့ခဲ့ပါတယ်။J. Y. Park က သူ့ထက် အသက် ၉ နှစ်ငယ်တဲ့ ကောင်မလေးနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ သမီးလေး ၂ ယောက် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ်မှ ကလေး အဖေ ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားအဆိုတော် J. Y. Park ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။