အနုပညာလောကနဲ့ ခေတ္တဝေးကွာနေခဲ့တဲ့ မင်းသား နေထက်လင်းကတော့ ခုတလောမှာ ကိုရီးယားကားတွေ မနားတမ်းကြည့်ဖြစ်နေတယ်လို့ဆိုပါတယ် ။

မြန်မာ့ရုပ်ရှင်နဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေရဲ့ ကွာခြားချက် တွေကိုလေ့လာပြီး ကိုယ်တိုင် Studio ဆောက်ကာ ကိုရီးယားရုပ်ရှင်လောကကလိုပဲ သရုပ်ဆောင်အသစ်တွေကို မွေးထုတ်ပေးသွားမဲ့အကြောင်းကို Duwun Media ရဲ့ အင်တာဗျူးတစ်ရပ်မှာပြောကြားထားပါတယ် ။

'' အများ အများကြီးကို ကွာခြားပါတယ်။ ဘာကွာလဲဆိုတော့ မြန်မာက ထုတ်လိုက်တဲ့ ရှမ်းစတားနဲ့ တိုယိုတာ တို့၊ BMW တို့ ၊ မာစီဒီး တို့နဲ့ ကွာသလို ကွာသွားတာပေါ့။ သူတို့က ကျတော့ နိုင်ငံကလည်း တိုးတက်တယ်။ ပြီးတော့ ထောက်ပ့ံကြေးချပေးတာကလည်း ဘီလီယံနဲ့ချီပြီး ချပေးတာ။ အစ်ကိုတို့ မြန်မာ့ရုပ်ရှင်တွေက သိန်း ၃၀ နဲ့ရိုက်တယ်၊ ၁၅ သိန်းနဲ့ရိုက်တယ် ဆိုရင် ဘယ်လိုလုပ် ဗီဒီယိုဇာတ်ကားကောင်းတွေထွက်လာမလဲ။ ဟိုမှာက TV Series တွဲကို ဘီလီယံနဲ့ ချီပြီးချပေးတယ်။ပြီးရင် သူတို့က အကောင်းဆုံး Studio အခန်းထဲမှာရိုက်တယ်။ကင်မရာတွေ အများကြီးနဲ့ရိုက်တယ်။ ဒီမှာက ကင်မရာလေး တစ်လုံး နှစ်လုံး လောက်နဲ့ရိုက်တယ်။ ကဒ်တွေအိုင်နေမှာပေါ့ ကျွန်တော်တို့က ရိုက်တတ်တယ် ထောက်ပံ့ကြေး ထုတ်လုပ်မှုက မရှိဘူး'' လို့ သူကဆိုတာပါ ။ 

ဆက်လက်လုပ်ဆောင်မယ့် ကိစ္စများကိုလည်း

'' ကျွန်တော့်ရဲ့ပထမ သူဌေးကတော့ အခု Channel လုပ်နေတာ ကျလာပြီဒါပေမယ့် ကျွန်တော့်ကိုမခေါ်သေးဘူး၊ ဒုတိယသူဌေးက သူအခုစီးပွားရေးတစ်ခုလုပ်နေတာ အဆင်ပြေလို့ရှိရင် Studio တွေဆောက်ပြီးတော့ ကျွန်တော်က Studio ဆောက်ချင်တယ်။ အရင်က ပုဂံနန်းတော်ပေါ့ အဆင့်ဆင့်ဆောက်သွားမယ် ပြီးတော့ ဒါတွေလုပ်မယ်ဆိုပြီး ကျွန်တော်အကြံပေးမယ်။ ကိုယ့်ဘာသာ ကိုယ်ဆောက် သရုပ်ဆောင်တွေကိုလည်း နေရာချပြီးတော့ အကုန်လုံးကို နန်းတော်ပုံစံရိုက်ပြမယ်။ အရင်တုန်းက ပုဂံမင်းဆက် ၅၅ ဆက်ရှိတယ်။ အဲ့ဒီ ၅၅ ဆက်အကြောင်းကို ကျွန်တော်တို့ ရိုက်ပြမယ်။ ပြီးရင် ကုန်းဘောင်မင်းဆက် ၁၂ ဆက်ရှိတယ် ဒါတွေ အကြောင်းလည်း ရိုက်ပြမယ်။ပြီးရင် ဒီဘက်ခေတ် ဆိုလည်း Studio တွေလို Hotel ကြီးတွေဆောက်ပြီး တကယ့် စက်တင်တွေလို ပုံစံမျိုးရိုက်မယ် လို့ပြောပြတော့ သူလုပ်မယ်လို့ပြောတယ်၊ သူလက်ခံတဲ့အတွက် အခုလောလောဆယ် ပိုက်ဆံရှာနေတယ်။ အဲ့ဒီ နှစ်ယောက်မှာ တစ်ယောက်ကတော့ အဆင်ပြေသွားပြီးဆိုရင် ကျွန်တော့်အိမ်မက်အကောင်အထည်ဖော်လို့ရပြီ'' လို့ သူက အဆိုပါအင်တာဗျူးမှာပြောပြထားတာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် ီDuwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။