Johnny Depp ကို ၁၉၆၃ ခုနှစ် ဂျွန်လ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူသရုပ်ဆောင်အလုပ်ကို စလုပ်ဖြစ်သွားတဲ့ အကြောင်းရင်းကတော့ မင်းသားကြီး Nicolas Cage က သူ့ကိုသရုပ်ဆောင်လုပ်ရန် တိုက်တွန်းလို့ပဲ ဖြစ်ပါတယ်။ သူဟာ ရွှေကမ္ဘာ လုံးဆု နဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ သူဟာ ၁၉၈၀ ခုနှစ်မှာ ရိုက်ကူးတဲ့ ရုပ်သံ စီးရီးတစ်ခုဖြစ်တဲ့ 21 Jump Street မှာ လူသိများလာခဲ့ပြီး လူငယ်တွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။

သူဟာ ၁၉၉၉ ခုနှစ်မှာ ရိုက်ကူးတဲ့ Sleeply Hollow ဇာတ်ကားမှာ အောင်မြင်မှု တွေရရှိခဲ့တာပါ။ သူ့ရဲ့ အအောင်မြင် ဆုံး နဲ့ လူကြိုက်အများဆုံး ဇာတ်ကားဖြစ်တဲ့ Pirates of the Caribbean: The Curse of the Black Pearl ကို ၂၀၀၃ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ မြန်မာပြည်သူတွေ ကြားမှာ ဂျက်စပဲရိုး အဖြစ်နဲ့ လူကြိုက်များခဲ့ပါတယ်။ သူ့ရဲ့ နောက်ထပ်ကျော်ကြား တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကတော့ ၂၀၀၅ ခုနှစ်မှာ ရိုက်တဲ့ Charlie and the Chocolate Factory၊ ၂၀၁၀ ခုနှစ်မှာ ရိုက်တဲ့ Alice in wonderland တို့ပဲဖြစ်ပါတယ်။

သူဟာ သီချင်းလည်းသီဆိုသူပါ။ သူ ရဲ့ ကျော်ကြားတဲ့ ကျော်ကြားတဲ့ သီချင်းတွေကတော့ Fade Away နဲ့ Once Upon a Time in Mexico တို့ဖြစ်ပါတယ်။ သူဟာ Chocolate ဆိုတဲ့ ဇာတ်ကားမှာ acoustic guitar ကိုလည်းတီးခတ်ခဲ့ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Depp ဟာ Alice Cooper နဲ့ Joe Perry တို့ နဲ့ ပူးပေါင်းပြီး Hollywood Vampires ဆိုတဲ့ အဖွဲ့ကိုဖွဲ့စည်း ခဲ့ပါတယ်။

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။