တောင်ကိုရီးယား တက်သစ်စမင်းသမီး တစ်ယောက်ဖြစ်တဲ့ Park Hae Eun ဟာဆိုရင် Alchemy of Souls ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး တစ်ယောက်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပေမယ့် ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်။

Alchemy of Souls ဇာတ်လမ်းကို ပထမပိုင်းနဲ့ ဒုတိယပိုင်းဆိုပြီး ရိုက်ကူးထုတ်လွှင့်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ကြည့်ရှုနှုန်း မြင့်တက်ပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပါတယ်။ Alchemy of Souls ထဲမှာ အဓိကသရုပ်ဆောင် မင်းသမီး နှစ်ယောက်ပါဝင်ခဲ့ပြီး လူတွေ မသိသေးတဲ့ မင်းသမီး တစ်ယောက်လည်း ရှိလို့နေပါသေးတယ်။

သူမကတော့ တက်သစ်စ မင်းသမီး Park Hae Eun ပဲ ဖြစ်ပါတယ်။ Park Hae Eun က Alchemy of Souls Season 1 မှာ ဇာတ်လမ်းထဲအထိ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပေမယ့် သရုပ်ဆောင် အဆင်မပြေမှုကြောင့် ရိုက်ကူးနေရင်းနှုတ်ထွက်သွားခဲ့ရတယ်လို့ သိရပါတယ်။

Park Hae Eun က သရုပ်ဆောင်ပိုင်းနဲ့ မလိုက်ဖက်ဘူး ဆိုတဲ့ ကြေညာချက်နဲ့ ရိုက်ကူးရေး အဖွဲ့ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ Park Hae Eun ကိုယ်တိုင်လည်း သူမကိုယ်သူမ သရုပ်ဆောင်ပိုင်း ဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ခံစားခဲ့ရတာဖြစ်လို့ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


Alchemy of Souls ဇာတ်လမ်းတွဲကို စတင်ကြေညာခဲ့စဉ်ကတည်းက Park Hae Eun ကို အဓိက သရုပ်ဆောင်အဖြစ် သတ်မှတ်ထားရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်း ပြန့်နှံ့ခဲ့တဲ့အချိန်ကလည်း ပရိသတ်တွေများစွာက သရုပ်ဆောင်ဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ဆိုကာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

တက်သစ်စ မင်းသမီး Park Hae Eun က “Adamas” ဇာတ်လမ်းမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမယ့် ကံဆိုးစွာနဲ့ပဲ အောင်မြင်မှုတွေ မရရှိခဲ့ပါဘူး။

Alchemy of Souls ဇာတ်လမ်းထဲထိ ပါဝင်ရိုက်ကူးခဲ့ပေမယ့် ကံဆိုးစွာနဲ့ နှုတ်ထွက်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Park Hae Eun အကြောင်းကို ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။