Song Hye Kyo နောက်ဆုံးရိုက်ကူးထားတဲ့ Netflix စီးရီးဖြစ်တဲ့ The Glory ဟာဆိုရင် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပြီး ကမ္ဘာတစ်ဝှမ်းရဲ့ အာရုံစိုက်မှုပါ များစွာ ရရှိနေတာဖြစ်ပါတယ်။ The Glory ထဲမှာ ပရိသတ်တွေ ရင်ထဲပါ နာကျင်ခံစားခဲ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခု ရှိလို့နေပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းကတော့ The Glory ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Moon Dong Eun က သူငယ်ချင်းတွေရဲ့ အနိုင်ကျင့် နှိပ်စက်ခြင်းကို ခံခဲ့ရတဲ့ ဇာတ်ဝန်ခန်းပဲ ဖြစ်ပါတယ်။ The Glory ဇာတ်လမ်းကို ၂၀၁၆ ခုနှစ်တုန်းက Descendants of the Sun ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ စာရေးဆရာမ Kim Eun Wook ကပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Google

The Glory ဟာဆိုရင် ဆင်းရဲလွန်းတာကြောင့် ကျောင်းမှာ ဆိုရွားစွာနဲ့ အနိုင်ကျင့် နှိပ်စက်ခြင်းခံခဲ့ရတဲ့  ကျောင်းသူမလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတွေ့ရတဲ့ ဆံပင်ဖြောင့်စက်ကိုအသုံးပြုပြီး အနိုင်ကျင့်နှိပ်စက်တဲ့ ဇာတ်ဝင်ခန်းဟာဆိုရင်လည်း တကယ့် ဖြစ်ရပ်မှန်ကို အခြေခံထားတာလို သိရပါတယ်။  အဆိုပါဇာတ်ဝန်ခန်းက ၂၀၀၆ ခုနှစ်တုန်းက ဖြစ်ပွါးခဲ့တဲ့ ကျောင်းတွင်း အကြမ်းဖက်မှုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ စွမ်းရည်ပြည့်ဝမှုကြောင့် အပြင်မှာ တကယ်ဖြစ်နေသလား အောင့်မေ့ရအောင် နာကျင် ခံစားရလွန်းပါတယ်။

Google
Google
Google

The Glory ထဲမှာ အဆိုပါ ဇာတ်ဝန်ခန်းကို မြင်တွေ့ခဲ့ရသူတွေက ရက်စက်လွန်းလို အံ့ဩထိတ်လန့်ခဲ့ကြ ရပါတယ်။ အကြမ်းဖက်တဲ့ ဇာတ်ဝန်ခန်းက အပြင်မှာပါရှိနေခဲ့တာကို သိပြီးနောက်မှာ ပိုပြီးတော့တောင် အံ့ဩ ခဲ့ကြရပါတယ်။  အဆိုပါဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသူမလေးက Cheongju မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ အလယ်တန်း တက်ခဲ့တဲ့သူလို့ သိရပြီး ရင်ဘက် နဲ့ လက်မောင်းတွေကို ဆံပင်ဖြောင့်စက် အပူပြား နဲ့ တို့ထိပြီး နှိပ်စက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ထဲမှာတော့ ဖြစ်ကြောင်းကုန်စင်ကို အနိုင်ကျင့် ခံခဲ့ရတဲ့ ကျောင်းသူလေးရဲ့ ဖခင်က သိခဲ့ပြီး တိုင်ကြားခဲ့တာကြောင့် အကြမ်းဖက်သူတွေကို ထိုက်သင့်တဲ့ ပြစ် ဒဏ် ပေးခဲ့တယ်လို သိရပါတယ်။

Google

ပရိသတ်တွေကတော့ အဆိုပါ ဆိုးရွားတဲ့ ဖြစ်စဉ်ကြီး အပြင်မှာ တကယ်ရှိခဲ့တာကို အံ့ဩလို့ မဆုံးဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါ‌ ကြောင့်ကျောင်းတွင်း အကြမ်းဖက်မှုတွေ ရင်ဆိုင်ခဲ့ရသူတွေကိုလည်း အားပေးကာ ဘဝကြီးကို သာမန်သူတွေနေထိုင်တဲ့ ပုံစံနဲ့ မလျော့သော နေထိုင်မှု ပုံစံနဲ့ နေထိုင်ကြဖို့ကိုလည်း ထပ်မံ တိုက်တွန်းအားပေးထားကြပါတယ်။

ဖြစ်ရပ်မှန်ထဲကပုံရိပ်

The Glory က ရုပ်ရှင် ဆိုပေမယ့် ရုပ်ရှင်တစ်ကားထက်ပိုတဲ့ အကျိုးအားသာချက်တွေကို ပေးနိုင်တာကြောင့် လုံးဝကို ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။