ဂျူမုံလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားကြီး ဆောင်းအီဂွတ် ဟာဆိုရင် ချစ်စရာ အမွှာ သားလေး ၃ ယောက်နဲ့ ပျော်ရွှင်စွာ နေထိုင်နေတဲ့ မင်းသားကြီး ဖြစ်ပါတယ်။ ဂျူမုံမင်းသားကြီးက သားလေး ၃ ယောက်ရဲ့ ပညာရေးအတွက်သာမက ကောင်းမွန်စွာ အရွယ်ရောက်လာဖို့အတွက်ကို အတက်နိုင်ဆုံးကြိုးစားပေးပြီး ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

Google

ဂျူမုံမင်းသားကြီးရဲ့ သားလေး ၃ ယောက်ဖြစ်တဲ့ Daehan ၊ Minguk နဲ့ Manse တို့ထဲမှာ Manse ရဲ့ သတင်းကလည်း ပရိသတ်တွေကြားမှာ ပြန့်နှံ့လျက်ရှိပါတယ်။ Manse လေးက ချစ်ဖို့အရမ်းကောင်းလွန်းပြီး စာလေးလည်း တော်တာကြောင့် မိဘတွေကိုသာမက ပရိသတ်တွေကိုပါ ဂုဏ်ယူရအောင် လုပ်ဆောင်ပေးနိုင်သူလေး ဖြစ်ပါတယ်။

Google
Google

မကြာသေးမီကလည်း Manse က National Math Assessment ပြိုင်ပွဲမှာ သင်္ချာထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ခဲ့ပြီးဖခင်ကြီးအတွက် ဝမ်းသာဂုဏ်ယူရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ Manse ရရှိခဲ့တဲ့ဆုကြီးက ပထမဆုကြီးဖြစ်တာကြောင့် ဖခင် ဆောင်းအီဂွတ်သာမက ပရိသတ်တွေကပါ ထပ်တူ ဝမ်းသာ ပျော်ရွှင်ခဲ့ကြပါတယ်။

Google
Google

လက်ရှိမှာ ဆောင်းအီဂွတ်ရဲ့အမွှာ သားလေး ၃ ယောက်က လူပျိုပေါက်အရွယ်လေးတွေ ဖြစ်နေပြီး အရပ်လေးတွေလည်း တော်တော် ရှည်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Google

မင်းသားကြီး ဆောင်းအီဂွတ်နဲ့ သူ့ရဲ့သားလေး ၃ ယောက်က ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ The Return of Superman အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။