တောင်ကိုရီးယားမင်းသမီး Park Eun-hye ဟာဆိုရင် လက်ရှိမှာ Alchemy of Souls ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိနေတဲ့သူဖြစ်ပါတယ်။ Park Eun-hye က ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီးနောက်မှာ အမွှာသားလေး နှစ်ယောက်ကို ကိုယ်တိုင် စောင့်ရှောက်ပေးပြီး Single Mother အဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။

Google

Park Eun-hye ရဲ့ ခင်ပွန်းဖြစ်သူက စွန့်ဉီးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်တယ်လို့သာသိရပြီး အခြား သတင်းတွေကို ထပ်မံ သိရခြင်း မရှိပါဘူး။ Park Eun-hye ရဲ့ သားလေး နှစ်ယောက်ကို ၂၀၁၁ ခုနှစ်မှာ မွေးခဲ့တာဖြစ်တာကြောင့် လက်ရှိမှာ သားလေးတွေအသက်က ၁၂ နှစ်အရွယ်တောင် ရှိလို့နေပြီပဲ ဖြစ်ပါတယ်။

Instagram
Instagram

Park Eun-hye ရဲ့ သားလေး နှစ်ယောက်က မွေးကတည်းက မိခင်နဲ့ မတူဘဲ ဖခင် မျက်နှာပေါက်လေးတွေလိုမျိုး ဖြစ်နေတာကြောင့်လည်း တချို့ ပရိသတ်တွေက ရုပ်ဆိုးတယ်ဆိုပြီး ဝေဖန်ကြတာတွေ ရှိပါတယ်။ ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ရှိပေမယ့်လည်း Park Eun-hye က မဆုတ်မနစ်တဲ့ ချစ်ခြင်း မေတ္တာနဲ့ သားလေးတွေ အပေါ် နည်းနည်း မှ အချစ် မလျော့ခဲ့ပါဘူး။ Park Eun-hye ရဲ့ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာလည်း သားလေးကို ချစ်တဲ့ အကြောင်းတွေနဲ့သာ အမြဲတမ်းပြည့်နေတာဖြစ်ပါတယ်။

Instagram
Instagram

မင်းသမီးကြီး Park Eun-hye က ၁၉၉၈ ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ နန်းတွင်း ရတနာ ဇာတ်လမ်းတွဲနဲ့ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ နန်းတွင်းရတနာ ဇာတ်လမ်းတွဲ ပြီးတဲ့နောက်မှာ Little Women ၊ Island Village Teacher ၊ 18 vs. 29 ၊ Fireworks Display  ၊ The Person I Love ၊ Can't Live Without You    ၊ The King's Affection          ၊ Alchemy of Souls စတဲ့ ဇာတ်လမ်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို သိမ်းကြုံးရရှိခဲ့ပါတယ်။

Instagram
Instagram
Instagram
Instagram
Instagram

အမွှာသားလေး နှစ်ယောက်နဲ့ Single Mother တစ်ယောက်ဖြစ်ပေမယ့်လည်း မဆုတ်မနစ်တဲ့ ကြိုးစားမှုတွေနဲ့ အနုပညာ လမ်းကြောင်းထက်ဆီမှာတောက်ပနေဆဲဖြစ်တဲ့ မင်းသမီးကြီး Park Eun-hye ရဲ့ အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။