တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင် အဆိုတော် သရုပ်ဆောင်အဖြစ် နာမည်ကြီးပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Park Shin Hye က Stairway to Heaven (2003)  နဲ့ Tree of Heaven ဇာတ်လမ်းတွေမှာလည်း ကလေး သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာ ရရှိခဲ့တာဖြစ်ပါတယ်။ လူကြီး သရုပ်ဆောင် အနေနဲ့မှာလည်း Park Shin Hye က Beautiful (2009) ၊ The Heirs (2013) ၊  Pinocchio (2014–2015) ၊  Doctors (2016 ) ၊  Memories of the Alhambra (2018–2019) ၊ #Alive (2020) နဲ့ Sisyphus: The Myth (2021) ဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု များစွာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

Photo credit to original uploader
Photo credit to original uploader

Park Shin Hye က သရုပ်ဆောင်ပိုင်းမှာ ကမ္ဘာနဲ့ချီပြီးအောင်မြင်မှုတွေ ရရှိခဲ့တဲ့သူဖြစ်ပြီး Forbes Korea Power Celebrity စာရင်းမှာ ပါဝင်တဲ့အထိတော်လွန်းတဲ့ သူဖြစ်ပါတယ်။

Photo credit to original uploader
Photo credit to original uploader

Park Shin Hye နဲ့ မင်းသား Choi Tae-joon တို့က ၂၀၁၇ ခုနှစ် နောက်ပိုင်းလောက်ကတည်းက သဘောကျ ကြိုက်နှစ်သတ်ခဲ့ကြတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader

သူတို့နှစ်ဦးသားက လူငယ် အတွဲလေး ဆိုပေမယ့် လက်ထပ်ပြီးနောက်မှာလည်း အချင်းချင်း အရမ်းချစ်ကြပြီး တစ်ဦးအပေါ် တစ်ဦး နားလည်မှု အပြည့်ရှိကြတဲ့သူတွေ ဖြစ်ပါတယ်။

Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader

အခုတစ်ခေါက်မှာလည်း Park Shin Hye ရဲ့ ကလေး မီးဖွားပြီးနောက် ပထမဉီးဆုံး အနုပညာ အလုပ်ပြန်လုပ်တဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး လူစိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။

Photo credit to original uploader
Photo credit to original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။